Sunday, September 3, 2017

မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ မွန်ပြည်နယ်၌ ကျင်းပ

Image may contain: one or more people and indoor
မော်လမြိုင် စက်တင်ဘာ ၂
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများအကြား သတင်းမီဒီယာကျင့်ဝတ်ကို အခြေခံပြီး အပြန်အလှန်လေးစားမှုရှိသော ဆက်ဆံမှုတည်ဆောက်နိုင်ရေး၊ သတင်းအချက်အလက်ရယူခွင့်နှင့် ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲကို ရည်ရွယ်ချက်နှစ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ပထမအချက်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့အစည်းများ နှင့် သတင်းမီဒီယာအကြား သတင်းမီဒီယာ ကျင့်ဝတ်ကို အခြေခံပြီး အပြန်အလှန် လေး
စားမှုရှိသော ဆက်ဆံမှုတည်ဆောက်နိုင် ရေးနှင့် ဒုတိယအချက်မှာ သတင်းအချက် အလက် ရယူခွင့်နှင့်ပတ်သက်၍ အပြန် အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ပါ ကြောင်း၊ ယနေ့မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးလျက်ရှိရာ မဏ္ဍိုင်သုံးရပ်မှ ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့သည် ပြည်သူက ရွေးချယ်တင်မြှောက် ထားသည့် ပုဂ္ဂိုလ်များ၊ ကိုယ်စားပြုထားသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ပြည်သူကို မိမိတို့၏ တာဝန်ယူဆောင်ရွက်ချက်များကို အစီရင်ခံရန်လိုအပ်ကြောင်း၊ မေးမြန်းမှုများ ကိုလည်း ဖြေကြားရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကြားခံပစ္စည်းဖြစ် သည့် မီဒီယာများသည် ပြည်သူနှင့်ပေါင်း ကူးပေးမည့် တံတားများအဖြစ် နားလည်လက်ခံပြီး ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ကျင့်သုံး ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ပြော ကြားသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ကိုယ်ကျင့်တရားကောင်းမွန်စွာဖြင့် စိတ်ကောင်းစေတနာကောင်းထား ပြီး မဏ္ဍိုင်လေးရပ်ကို အတူတကွ ပူးပေါင်းဆောင်ရွက်ညှိနှိုင်းပြီး မွန်ပြည်နယ် စည်ပင်သာယာဝပြောအောင်၊ လုံခြုံအေးချမ်း အောင် ဆောင်ရွက်ကြရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိအောင် ပြည်တွင်းအေးချမ်းမှုရရှိ အောင် မဏ္ဍိုင်လေးရပ်က အတူတကွ ပူး ပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြော ကြားသည်။
ဆက်လက်၍ ပြည်နယ်တရားသူကြီးချုပ် ဦးခင်မောင်ကြီးက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အပြန်အလှန် ထိန်းကျောင်းရမည် ဆိုသည့် မူဝါဒနှင့်သွားနေကြောင်း၊ မီဒီယာ အနေဖြင့် တရားရုံးများ၏ သဘောသဘာဝကို သိစေချင်ပါကြောင်း၊ တရားရုံးသတင်းမီဒီယာလက်စွဲကို သိရှိအောင် လေ့လာထား ကြရန်လိုပါကြောင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဥပဒေချုပ် ဒေါ်အေးအေးမို့က မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မဆို ဥပဒေနှင့်ကျင့်ဝတ် များကိုသိရှိပြီး လိုက်နာဆောင်ရွက်ရန်လို ကြောင်း၊ ယခုမဏ္ဍိုင်ကြီးသုံးရပ်နှင့် သတင်းမီဒီယာမဏ္ဍိုင်တို့သည်လည်း ပြဋ္ဌာန်းထား သော ဥပဒေ၊ လိုက်နာရမည့်ကျင့်ဝတ်များကို သိရှိပြီး ဆောင်ရွက်မှသာလျှင် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုရရှိစေပြီး ရည်ရွယ်ချက်များကို ပေါက်မြောက် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမျိုးသန့်တင်က အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင် မဏ္ဍိုင်သုံးရပ်မှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသား တွေအတွက် အကျိုးရှိမည့် ကိစ္စအဝဝကို ဆောင်ရွက်လျက်ရှိရာတွင် သတင်းမီဒီယာ
မဏ္ဍိုင်မှ အထောက်အကူပြုပြီး ပူးတွဲလက်တွဲ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ မီဒီယာသမားများအနေဖြင့် စတုတ္ထမဏ္ဍိုင်ဖြစ်အောင် သတင်းမီဒီယာဥပဒေကို ပြဋ္ဌာန်းပြီး ယင်းဥပဒေကျင့်ဝတ်များကို လိုက်နာ စောင့်ထိန်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သတင်းမီဒီယာ ကောင်စီသည် ဥပဒေအရ ပထမဆုံးဖွဲ့စည်း ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့ အဖွဲ့အစည်းသည် မည်သည့်ဌာန၏ လက်အောက်ခံမဟုတ်ဘဲ သီးခြားလွတ်လပ် စွာရပ်တည်ပြီး မဏ္ဍိုင်ကြီးသုံးရပ်ကို
အထောက်အကူပြု ပူးတွဲဆောင်ရွက်ရသည့် စတုတ္ထမဏ္ဍိုင်ကြီးဖြစ်ပါကြောင်း၊ မိမိတို့ကောင်စီအနေဖြင့်လည်း ကျင့်ဝတ်နှင့် ဥပဒေများကို လိုက်နာရန် အားနည်းသည့် မီဒီယာများကို မိမိတို့မီဒီယာကောင်စီမှ ထောက်ပြ ပြုပြင်ပေးလျက်ရှိပါကြောင်း၊ မဏ္ဍိုင်ကြီးသုံးရပ်နှင့် မီဒီယာများအကြား အပြန်အလှန် နားလည်ယုံကြည်မှု ပိုမိုတိုး တက်ခိုင်မြဲစေရေး၊ သတင်းရေးသား ဖော်ပြမှုများတွင် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှုရှိစေရေးတို့အတွက် ဝိုင်းဝန်းတည့်မတ် လုပ်ဆောင်ပေးကြဖို့ အသိပေးလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဟံသာဝတီ ဦးအုန်းကြိုင်က သတင်းမီဒီယာမဏ္ဍိုင်နှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစောက မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကိုလည်း ကောင်း ရှင်းလင်းတင်ပြကြပြီး နံနက် ပိုင်းအစီအစဉ်များကို ရပ်နားခဲ့သည်။
ဆက်လက်၍ အုပ်ချုပ်ရေးမဏ္ဍိုင်မှ ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်မှ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကလည်းကောင်း၊ တရားစီရင်ရေး မဏ္ဍိုင်မှ ပြည်နယ်တရားသူကြီးချုပ်ကလည်းကောင်း ရှင်းလင်းပြောကြားကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော သတင်းမီဒီယာများက သတင်းရယူရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် သိရှိ
လိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားကြ သည်။
ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် ဒေါက်တာတင်လှိုင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment