Sunday, September 3, 2017

မော်တော်ယာဉ်အချက်ပြမီးများ မှန်ကန်စွာအသုံးပြုစေရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

Image may contain: 1 person, standing, car and outdoor
သန်လျင် စက်တင်ဘာ ၂
မြန်မာနိုင်ငံ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဦးဆောင်မှုဖြင့် မော်တော်ယာဉ်များတွင် အသုံးပြုနေသော အချက်ပြမီးစနစ်ကို မှန်ကန်စွာအသုံးပြုနိုင်ရန် စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်ရွှေဦးဆောင်သောအဖွဲ့သည် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ သီလဝါ (၆) လမ်းသွားလမ်းမကြီးနှင့် သန်လျင်ကျောက်တန်းသွား ကားလမ်းများတွင် အများပြည်သူများ သိရှိနားလည်စေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
အောင်ဆွေ (ရွှေတံတား)

No comments:

Post a Comment