Friday, September 1, 2017

တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု့နည်းပညာ သင်တန်းဆင်းပွဲကျင်းပ

Image may contain: 1 person, standing and food
မင်းဘူး သြဂုတ် ၃၁
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်
ငွေ့လုပ်ငန်း၊ မန်းရေနံမြေ၊ မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် MPRL E&P Pte Ltd ( CSR - အစီအစဉ်) တို့ ပူးပေါင်းကာ မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ကြစေရန်ရည်ရွယ်၍ ဖွင့်လှစ်သော တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို မန်းရေနံမြေ လုပ်ငန်းခွင် သင်တန်းကျောင်းခန်းမ၌ သြဂုတ် ၃ဝ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မန်းရေနံမြေအထွေထွေမန်နေဂျာ ဦးရဲနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းတင်က သင်တန်းသား၊
သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် များပေးအပ်ကာ သက်ဆိုင်ရာတာဝန်ရှိသူတို့ကသင်တန်းနည်းပြဆရာမများအား အမှတ်တရ လက်ဆောင်များပေးအပ်သည်။
အဆိုပါသင်တန်းတွင် ဖျော်ရည်ခုနစ်မျိုး၊ ဆော့နှစ်မျိုး၊ ယိုငါးမျိုးပြုလုပ်နည်းများကို သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ သြဂုတ် ၂၄ ရက်မှ ၃ဝ ရက်ထိဖြစ်ကာ မန်းရေနံမြေနှင့် ထိစပ်ကျေးရွာ ၁၆ ရွာမှ သင်တန်းသား၊ သင်တန်းသူ ၃ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖိုးပြည့်(မင်းဘူး)

No comments:

Post a Comment