Friday, September 1, 2017

မုံရွာတက္ကသိုလ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအလှမယ်ပြိုင်ပွဲကျင်းပ

Image may contain: one or more people and people sitting
မုံရွာ သြဂုတ် ၃၁
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မုံရွာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အလှမယ်ရွေးချယ်ပွဲကို သြဂုတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက မုံရွာတက္ကသိုလ်ဝင်းအတွင်းရှိ အဆောင် (ဘီ) ၌ ကျင်းပရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင် တက်ရောက်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ်တွင် အာဆီယံတက္ကသိုလ် များ အားကစားပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာနမှကြီးမှူးပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူတွေ ပါဝင်ယှဉ်ပြိုင်ကြသည့်အခါ ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုအလှမယ် ပြိုင်ပွဲကြီးတွင် မုံရွာတက္ကသိုလ် ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများပေါ်ထွက်လာရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
''တက္ကသိုလ်မှာတော့ ဒီပြိုင်ပွဲဟာ အားကစားနဲ့ ပညာရေးပေါင်းစပ်ကော်မတီဆိုပြီးတော့ နှစ်စဉ် ကျောင်းသား ကျောင်းသူတွေအတွက် ကျင်းပပေးပါတယ်။ ဒီပြိုင်ပွဲကတော့ တက္ကသိုလ်အဆင့်ပေါ့။ တက္ကသိုလ် အဆင့်ကနေ အထက်မြန်မာပြည်ဇုန်ပြိုင်ပွဲတွေကို တက်ပါတယ်။ အဲဒီကနေ နိုင်ငံတော်အဆင့်ထိအောင် ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အားကစားသမားတွေ ပေါ်လာ
အောင် ဖော်ထုတ်ဖို့ရန်အတွက် ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကျင်းပပေးတာပါ''ဟု ကာယဗလနှင့် ကာယကြံ့ခိုင်မှုအလှမယ်ပြိုင်ပွဲမှာ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာဝင်းမင်းအေးက ပြောသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုနှင့်ပတ်သက်ပြီး ''မေဂျာအလိုက်ပြိုင်ပွဲလည်းဖြစ်တယ်။ ကိုယ့်မေဂျာအတွက် ယှဉ်ပြိုင်ပေးတာပါ၊ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် လေ့ကျင့်ရပါတယ်။ လေ့ကျင့်ခန်းတွေလုပ်ဖြစ်တဲ့ အတွက် အမောခံနိုင်တယ်။ သွက်သွက်လက်လက်လှုပ်ရှားနိုင်တယ်။ ကိုယ့်ကိုယ် ကိုယ် ပိုပြီးယုံကြည့်မှုရှိတဲ့အတွက် လူငယ်ဘဝကိုပိုပြီး ဖြတ်သန်းနိုင်တယ်။ ညီမအနေနဲ့ အမြင့်ဆုံးဆုကို မျှော်မှန်းထားတဲ့အတွက် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ'' ဟု တတိယနှစ်မြန်မာစာမှ မအေးမြမြထွန်းက ပြောသည်။
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မုံရွာတက္ကသိုလ် ဘာသာရပ်ပေါင်းစုာံယဗလ
နှင့် ကာယကြံ့ခိုင်မှု အလှမယ်ရွေးချယ်ပွဲတွင် ဘာသာရပ်ပေါင်းစုံမှ ကာယဗလမောင် ၂၁ ဦး၊ ကာယကြံ့ခိုင်မှုအလှမယ် အကြီးတန်း ၁၂ ဦး၊ အငယ်တန်း ၁၃ ဦး စုစုပေါင်း ၄၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း နှင့် ပြိုင်ပွဲသို့ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်နှင့် ဒုတိယပါမောက္ခချုပ်များ ပါမောက္ခ ဌာနမှူးများ၊ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်
ကထိကများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment