Sunday, September 3, 2017

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် မီးပုံးပျံပြုလုပ်စဉ် မီးလောင်မှုဖြစ်ပွား

Image may contain: one or more people, crowd and outdoor
တောင်ကြီး စက်တင်ဘာ ၂
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် တောင်ကြီးမီးအမည်ဖြင့် မီးပုံးပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဆောင်ရွက်နေစဉ် စက်တင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က အိမ်အမှတ်(၁၂၈) နှင်းဆီလမ်း ကန်အောက်ရပ်ကွက်နေ အိမ် ပိုင်ရှင် ဦးထွန်းလှအိမ်၌ ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။
တောင်ကြီးမီးအမည်ဖြင့် မီးပုံးပျံဆောင်ရွက်နေသည့် ကိုသားကြီး(ခေါ်) မောင်မောင်သန့်သည် မီးပုံးပျံဆောင်ရွက်ရာတွင် အသုံးပြုသည့် ယမ်းမီးခွေအား ကတ်ကြေးဖြင့်ညှပ်ရာမှ မွန်းလွဲ ၁ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)

No comments:

Post a Comment