Sunday, September 3, 2017

မောင်တောမြို့၌ အေးချမ်းစွာနေထိုင်လိုကြသည့် အစ္စလာမ်ဘာသာဝင်များအားလုံခြုံရေးနှင့် ထောက်ပံ့ကူညီရေး ဆောင်ရွက်ပေးလျက်ရှိ

Image may contain: 4 people, people standing
နေပြည်တော် စက်တင်ဘာ ၂
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ ၏ လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက် မှုလုပ်ရပ်များကြောင့် နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ စိုးရိမ် ကြောင့်ကြမှုကင်းဝေးစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးနှင့် စိုးမိုးရေးဆောင်ရွက် လျက်ရှိရာ အေးချမ်းစွာနေထိုင်လို ကြသည့် အစ္စလာမ်ဘာသာဝင်များက လည်း ARSA အစွန်းရောက်အကြမ်း ဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကို လုံးဝ လက်မခံနိုင်ကြောင်း၊ နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဟု ပြောကြားခဲ့ကြောင်း သတင်း ထုတ်ပြန်ရေးကော်မတီမှ ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ပန်းတောပြင် အနောက်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၎င်းကျေးရွာရှိ အစ္စလာမ်ဘာသာဝင် ရွာသူ ရွာသားများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ရွာသူ ရွာသားများအား တွေ့ဆုံ မေးမြန်းခဲ့ကြောင်း။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က အေးချမ်းစွာ နေထိုင်လိုကြသည့် ပန်းတောပြင် အနောက်ကျေးရွာမှ အစ္စလာမ်ဘာသာဝင် ရွာသူ ရွာသား များအတွက် စားသောက်ဖွယ်ရာများ နှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ARSA အစွန်းရောက်အကြမ်းဖက် သမားများကို ရှာဖွေဖော်ထုတ်နေခြင်း သာဖြစ်ပြီး အကြမ်းဖက်မှုကို လက်မခံ ဘဲ အေးချမ်းစွာနေထိုင်လိုကြသည့် အစ္စလာမ်ဘာသာဝင်များ ဘေးကင်းရေး ကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း။
ထို့ပြင် တာဝန်ရှိသူများကလည်း ကျေးရွာများတွင် အေးချမ်းစွာနေထိုင် လိုသူများ စိုးရိမ်ကြောင့်ကြမှုများမရှိစေရန်အတွက် ''RSAအစွန်းရောက် အကြမ်းဖက်သမားများကို ထောက်ခံ ခြင်း၊ ပူးပေါင်းပါဝင်ခြင်းမပြုဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ကြရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင် များ တာဝန်အရ ရောက်ရှိလာလျှင် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင် ခြင်း၊ ရန်ပြုခြင်းများ မပြုကြရန်'' အသံချဲ့စက်များဖြင့် သတိပေးလျက်ရှိ ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment