Sunday, September 3, 2017

မှုခင်းအသိပညာတိုးပွားရေး မှုခင်းပညာပေးပြခန်းယာဉ်များဖြင့် လှည့်လည်ဟောပြော

Image may contain: one or more people, crowd and outdoor
နေပြည်တော် စက်တင်ဘာ ၂
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စီစဉ်ညွှန်ကြားချက်အရ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသည် မှုခင်းပညာပေးပြခန်းယာဉ် များဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအား မှုခင်းကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး လှည့်လည်ဟောပြောပြသလျက်ရှိရာ စက်တင်ဘာ ၂ ရက်က ရှမ်းပြည်နယ် လားရှိုးမြို့ မယ်ဟန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၁၉၃ ဦးတို့အား မှုခင်း ကြိုတင်ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ရေး အသိပညာပေးခြင်းလုပ်ငန်းများကို လှည့်လည်ပညာပေးဟောပြောပြသခဲ့ပြီး တပ်ဖွဲ့ဝင်များက မှုခင်းအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
(ရဲပြန်ကြား)

No comments:

Post a Comment