Saturday, September 23, 2017

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာ တိုင်းရင်းသားများအတွက် အလှူငွေများပေးအပ်





 နေပြည်တော် စက်တင်ဘာ ၂၂


 

ARSA အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသားများအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဒက္ခိဏခရိုင်၊ ဥတ္တရခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လှူဒါန်းငွေကျပ် ၄ဝ၆ဝဝဝဝ ကို နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ မျှဝေခြင်းအစီအစဉ်အရ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက လှူဒါန်းငွေကျပ် ၁ဝဝဝဝဝဝ ကို တာဝန် ရှိသူများကလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment