Saturday, September 23, 2017

ပဲများနှင့်ပတ်သက်၍ ပြည်တွင်းစားသုံးမှုတိုးတက်လာစေရေးနှင့် ပဲအခြေခံစားသောက်ကုန်ထုတ်လုပ်ရေးဆွေးနွေး





 နေပြည်တော် စက်တင်ဘာ ၂၂


 ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့် ပဲများနှင့်ပတ်သက်၍ ပြည်တွင်းပဲစားသုံးမှု တိုးတက်လာစေရန် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပဲကို အခြားနည်းလမ်းဖြင့် အသုံးပြုသည့်အသင်းအဖွဲ့လုပ်ငန်းရှင်များ၊ ပဲအခြေခံစားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု အရေ အတွက် ကန့်သတ်ချက်ကြောင့် လက်ကျန်ပဲများ ဆက်လက် တင်ပို့နိုင်ရေးကိစ္စများ ညှိနှိုင်းဆွေးနွေးသကဲ့သို့ ပြည်တွင်း ပဲစားသုံးမှု ပိုမိုတိုးတက်လာစေရေးအတွက် ပဲအများဆုံးသုံးစွဲ သည့် ဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ် ညှိနှိုင်းခြင်းဖြင့် ပြည်တွင်း၌ လက်ကျန်ပဲများကို အသုံးပြုနိုင်မည့် နည်းလမ်းများကိုထုတ်ဖော်ပြီး ဆောင်ရွက်ခြင်းအားဖြင့် အခက် အခဲများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။
ပြည်တွင်း၌ ကျန်ရှိသည့်ပဲများအား ပြည်ပသို့ ဆက်လက် တင်ပို့နိုင်ရေး ညှိနှိုင်းမှုများ၊G to G MoUလက်မှတ်ရေးထိုး နိုင်ရေးအတွက် ညှိနှိုင်းမှုများ၊ ပဲမျိုးစုံဈေးကွက်သစ်များ တိုးချဲ့ တင်ပို့နိုင်ရေးနှင့် ဈေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်း အဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်လျက်ရှိပါကြောင်း။
မကြာမီထွက်ရှိလာတော့မည့် ပြည်တွင်းပဲများအတွက် ဈေးနှုန်းသည် တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျစရိတ် အောက် နိမ့်ကျနေပါက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ တောင်သူ များထံမှ ဝယ်ယူပေးနိုင်ရေးတို့ကိုလည်း သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး ဦးဆောင် အဖွဲ့သို့ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မတ်ပဲ လျှော့ချစိုက်ပျိုးပါက အခြားသီးနှံပြောင်းလဲစိုက်ပျိုးနိုင်ရေး ကိစ္စများ၊ ထွက်ရှိသည့်ပဲများ ပိုးသတ်ဆေးဓာတ်ြ<ွကင်း ပါဝင်မှု မရှိစေရေး၊ ကျောင်းများ၌ အာဟာရဓာတ်ပြည့်ဝသည့် ပဲအသုံး ပြုထုတ်လုပ်သည့်မုန့်များ ကျွေးမွေးရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ကျန်ရှိသည့်ပဲများအပေါ် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ ပြည်တွင်းပဲစားသုံးမည့် အစီအစဉ်များ၊ အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားရန် မှာကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြည်တွင်း ပြည်ပ ပဲဈေးကွက်များ အိန္ဒိယနိုင်ငံသံရုံးနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍအလိုက် ဆောင်ရွက်သည့်အကြံပြုချက် များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ပဲမျိုးစုံသုံးစွဲ နေမှုနှင့် ပဲဝယ်ယူနိုင်မည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဇော်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်စည် ဒိုင်များ၊ တောင်သူလယ်သမားများ၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ် သူများ၏ အကြံပြုချက်များအား ဆွေးနွေးတင်ပြခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုကန့်သတ် မှုသည် နိုင်ငံအတွက် ကြီးမားသည့်သတိပေးချက်ဖြစ်ကြောင်း၊ နောင် ထိုကဲ့သို့မဖြစ်စေရန် ရေတိုရေရှည် ဆောင်ရွက်မည့် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲ များရှိသော်လည်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို တစိုက် မတ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် လက်ကျန်ပဲများအပေါ် ဝယ်ယူနိုင်မည့်ကိစ္စရပ်များကို တင်ပြ ဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြား သည်။
အခမ်းအနားအပြီးတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို အသုံးပြု၍ မတ်ပဲဗယာကြော်၊ ပဲဝါလေး၊ ပဲကြာဆံဟင်းချို၊ ပဲစင်းငုံသီးစုံချဉ်ရည်ဟင်းများအား အလွယ်တကူနှင့် အရသာ ရှိစွာ ချက်ပြုတ်စားသောက်ခြင်း သရုပ်ပြနေမှုတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက အားပေး ကြည့်ရှုခဲ့ကြပြီး တွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက်လာသူများ အားလုံးကို မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို အသုံးပြု၍ ချက်ပြုတ်ထားသော ဟင်းလျာများပါဝင်သည့် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment