Saturday, September 23, 2017

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ချက်ချမှတ်





 နေပြည်တော် စက်တင်ဘာ ၂၂



 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အားလုံးပါဝင်သောခုံရုံးသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် ပါ ၅ဝ က တင်သွင်းလာသည့် တင်သွင်းလွှာအမှတ် ၁/၂ဝ၁၇ ကို ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက် နံနက် ၁ဝ နာရီတွင် ခုံရုံး၊ ရုံးခန်း အမှတ်-၁ ၌ ဆုံးဖြတ်ချက်ချမှတ်သည်။
ယင်းဆုံးဖြတ်ချက်တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာဥပဒေ အမှတ် ၂) တွင် ပြည်ထောင်စုလွှတ်တော်၌ ကော်မရှင်ဖွဲ့စည်းခြင်းကို ထည့်သွင်းပြဋ္ဌာန်းခြင်းနှင့် အခြားဆက်စပ်ပုဒ်မများတွင် ကော်မရှင်ဆိုသည့် စကားရပ်ကိုထည့်သွင်းပြဋ္ဌာန်းခြင်းများသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ခြင်းမရှိသဖြင့် တင်သွင်းလွှာကို ပလပ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment