Monday, September 25, 2017

မြောက်ကိုရီးယားအရှေ့ပိုင်းရှိ ပင်လယ်ပြင်ပေါ် အမေရိကန်ဗုံးကြဲလေယာဉ်များပျံသန်း





ဝါရှင်တန် စက်တင်ဘာ ၂၄



အမေရိကန်ဗုံးကြဲလေယာဉ်များသည် နိုင်ငံ၏စစ်အင်အားကိုပြသသည့်အနေဖြင့် မြောက်ကိုရီးယားအရှေ့ဘက် ပင်လယ်ပြင်ပေါ်ပျံသန်းခဲ့ကြကြောင်း အမေရိကန် ကာကွယ်ရေးဌာနကပြောကြားခဲ့သည်။
စနေနေ့ကထုတ်ပြန်ခဲ့သည့် ဖော်ပြချက်တွင် ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဒါနာဝှိုက်က ဂူအမ်မှထွက်ခွာလာသည့် B-1Bလန်ဆာဗုံးကြဲလေယာဉ်များသည် ဂျပန်နိုင်ငံ အိုကီနာဝါမှF-15C Eagle တိုက်ခိုက်ရေးဂျက်လေယာဉ်တို့လိုက်ပါ လျက် နိုင်ငံတကာလေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းပြခဲ့ကြောင်း ပြောကြားခဲ့သည်။
၂၁ ရာစု၌ အမေရိကန်တိုက်ခိုက်ရေးလေယာဉ်တိုင်းက ပျံသန်းခဲ့သည့် စစ်မဲ့ဇုန် ၏မြောက်ဘက်အဝေးကွာဆုံးအထိ ဗုံးကြဲလေယာဉ်များပျံသန်းမှုပြုလုပ်ခဲ့ကြောင်း ဝှိုက်က ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါပျံသန်းမှုမစ်ရှင်သည် အမေရိကန်သို့ကျရောက်လာမည့် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို ဖြိုခွင်းရန်အမေရိကန်၌ စစ်ရေးဆိုင်ရာဆောင်ရွက်နိုင်မည့်နည်းလမ်းများစွာရှိကြောင်း၊ အမေရိကန်က ပြတ်သားရှင်းလင်းသည့် မက်ဆေ့ခ်ျ တစ်ခုကိုပေးလိုသည့် မစ်ရှင်တစ်ခုဖြစ်ကြောင်း ဝှိုက်ကဖော်ပြခဲ့သည်။
သမ္မတထရန့်နှင့် ¤င်း၏အစိုးရအဖွဲ့မှ အကြီးတန်းအာဏာပိုင်များက အမေရိကန် သည် မြောက်ကိုရီးယားအရေးတွင် သံတမန်နည်းအရဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါက စစ်ရေးအရဆောင်ရွက်သည့်နည်းကိုအသုံးပြုသွားမည်ဖြစ်ကြောင်း ထပ်ကာတလဲလဲ ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏နျူကလီးယားနှင့်ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအတွက်ငွေကြေးဖြတ်တောက်မည့် ပိတ်ဆို့မှုအသစ်များကို မကြာ သေးမီကချမှတ်ခဲ့သည်။ (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment