Monday, September 25, 2017

အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကုလအထွေထွေညီလာခံ၌ ပါကစ္စတန်နှင့် အိန္ဒိယတို့အပြန်အလှန်စွပ်စွဲ




Image may contain: 1 person, outdoor
နယူးယောက် စက်တင်ဘာ ၂၄



နယူးယောက်၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပါကစ္စတန်နှင့် အိန္ဒိယတို့သည် အကြမ်းဖက်မှုများကို နိုင်ငံအတွင်း စပွန်ဆာပေးနေသည်ဟု ဆိုကာ တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန်စွပ်စွဲပြောဆိုခဲ့ကြကြောင်း သိရ သည်။
ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားရာ တွင် အိန္ဒိယက ပါကစ္စတန်သည်အကြမ်း ဖက်လုပ်ရပ်များကို ကူညီအားပေးနေ သည်ဟု စွပ်စွဲပြောကြားခဲ့ရာ ပါကစ္စတန် က အိန္ဒိယ၏ပြောဆိုမှုကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံကိုယ်တိုင်သည် လည်း တောင်အာရှဒေသတွင် အကြမ်း ဖက်မှုအပေါင်းတို့၏ မိခင်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
စက်တင်ဘာ ၂၃ ရက်ကပြုလုပ်ခဲ့ သည့် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆပ်ဆမာဆွာရာ့ခ်ျက ပါကစ္စတန်သည် အကြမ်းဖက်လုပ်ငန်းဆောင်ရွက်သည့် နိုင်ငံဖြစ်သည်ဟု စွပ်စွဲလိုက်ကာ ပါကစ္စတန်၏အမည်ကို ထယ်ရိုရစ်စတန် (Terroristan)ဟု အမည်ပေးလိုက်ပြီး နောက်တွင် ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန်သံအမတ် မာလီဟာလော့ဒီ ကတုံ့ပြန်စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံက ပါကစ္စတန်သည် အိုင်အက်စ်အစွန်းရောက်စစ်သွေြး<ွက များကို လေ့ကျင့်ပေးရုံမက လက်နက်များ ထောက်ပံ့ပေးလျက်ရှိပြီး အိန္ဒိယလုံခြုံ ရေးအင်အားစုများကို တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် ပါကစ္စတန် နယ်နိမိတ်အနီးရှိ အိန္ဒိယကစီမံ အုပ်ချုပ်နေသည့် ကက်ရှ်မီးယားဒေသကို စိမ့်ဝင်ထိုးဖောက် ဝင်ရောက်လာနေ ကြောင်းကိုလည်း စွပ်စွဲပြောဆိုလိုက် သည်။
သို့သော်ပါကစ္စတန်က အိန္ဒိယ၏ စွပ်စွဲမှုများမှားယွင်းနေကြောင်း ငြင်းဆန် ထားသည်။
ထို့အပြင် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးသည် က္ဘာတစ်ဝန်းက ပါကစ္စတန်ကို အကြမ်းဖက်မှုများ ဆောင်ရွက်သည့် စက်ရုံတစ်ခုအဖြစ် သတ်မှတ်ခံထားရချိန်တွင် အိန္ဒိယနိုင်ငံ မှာမူ သတင်းအချက်အလက်နည်းပညာ ဆိုင်ရာ စူပါစွမ်းအင်နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခံနေရကြောင်း အဆိုပါ နေ့အစောပိုင်းက ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ ပြောကြားခဲ့ကြောင်း သိရသည်။ (အေပီ)

No comments:

Post a Comment