Monday, September 25, 2017

တင်းမေကျေးရွာ၌ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်အဝေးထိန်းမိုင်းတစ်လုံး တွေ့ရှိသိမ်းဆည်း၊ ဒီလ်ပါရာကျေးရွာ၌ နေအိမ်များမီးလောင်မှုဖြစ်






 နေပြည်တော် စက်တင်ဘာ ၂၄ 



လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တင်းမေကျေးရွာအုပ်စုအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲတွင် တိုင်ကြားချက်အရ တင်းမေကျေးရွာ ရပ်ကွက် ၂ ရှိ အဘူကာလောင် ၄၅ နှစ် (ဘ)မာမတ်တာမိန် နေထိုင်သည့်(လူမရှိ) နေအိမ်ခြံဝင်းအတွင်း ရှာဖွေစစ်ဆေးခဲ့သည်။
ခြံအတွင်းရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်၏တောင်ဘက်ရှိ ငါးကန်ပေါင်ဘေးတွင် ပလတ်စတစ်အဖြူဖြင့် ပတ်လျက် မြေမြှုပ်ထားသည့် အလျား ကိုးလက်မ၊ အချင်း နှစ်လက်မခန့်ရှိ သံပိုက်လုံးဖြင့်ပြုလုပ်ထားသည့် အဝေးထိန်းစနစ်ပါ အသက် သွင်းပြီး လက်လုပ်အဝေးထိန်းမိုင်းတစ်လုံးအား တွေ့ရှိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ¤င်းလက်လုပ်အဝေးထိန်း မိုင်းအား သက်မဲ့ပြုလုပ်ခဲ့ပြီး အနီးတစ်ဝိုက် ဆက်လက်ရှင်းလင်း ရှာဖွေခဲ့ရာ ထူးခြားမှုမရှိ၍ ပြန်လည်ထွက်ခွာခဲ့သည်။
အဘူကာလောင်နှင့် ပူးပေါင်းပါဝင်သည့် အကြမ်းဖက် များအား အရေးယူနိုင်ရန် တောင်ဘဇာနယ်မြေစခန်း၌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ -၅ဝ(ဈ)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
မောင်တောမြို့နယ် ဒီလ်ပါရာကျေးရွာ ယခင်မီးလောင်ပြင် တွင် ကျန်ရှိနေသည့် လူမနေသည့် နေအိမ်ငါးလုံး စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် ဒီလ်ပါရာကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကျေးရွာအတွင်း မီးလောင် နေမှုအားတွေ့ရှိ၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။
မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် ၁၅ဝဝဝဝ $ခန့် ဆုံးရှုံး ခဲ့ကြောင်းသိရပြီး တရားခံဖမ်းဆီးရမိရေး မောင်တောမြို့မစခန်း၌ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment