Friday, September 1, 2017

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ဘာသာရပ်သင်တန်းဆင်းပွဲကျင်းပ

Image may contain: one or more people and crowd
နေပြည်တော် သြဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) က ကြီးမှူးဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁၁/၂ဝ၁၇) ဆင်းပွဲအခမ်းအနားကို သြဂုတ်၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးမြို့ FITC (Fuqing International Language Teaching Center) သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန (မန္တလေးရုံးခွဲ) တာဝန်ခံညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေနှင့် Sky Teamအကယ်ဒမီသင်တန်းကျောင်းမှ နည်းပြမှူး ဆရာဦးမြင့်အောင်တို့က အဖွင့် အမှာစကားပြောကြားကြသည်။
အမှတ်စဉ် (၁၁/၂ဝ၁၇) တွင် သင်တန်းသား သင်တန်းသူ ၁၈၉ ဦး တက်ရောက်ပြီး ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်းတို့ကို ရက်သတ္တလေးပတ်ကြာနှင့် အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်ရေး သင်တန်းကို ရက်သတ္တ ရှစ်ပတ်ကြာ စာတွေ့ လက်တွေ့ လုပ်ငန်းခွင်မပျက် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment