Friday, September 1, 2017

သူတစ်ပါးထိခိုက်မှုအာမခံနှင့် ခရီးသွားအာမခံလုပ်ငန်း သိမှတ်ဖွယ်ရှင်းလင်း

Image may contain: 3 people
ပုသိမ် သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး ပို့ဆောင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မြန်မာနိုင်ငံအာမခံလုပ်ငန်းဦးစီးဌာန နှင့် တိုင်းဒေသကြီး ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီတို့ ပူးပေါင်းကျင်းပသော သူတစ်ပါးထိခိုက်မှု အာမခံနှင့် ခရီးသွားအာမခံလုပ်ငန်းသိမှတ်ဖွယ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို သြဂုတ်လ နောက်ဆုံးပတ်က ပုသိမ် မြို့ ကင်မလင်းကျွန်းအဝေးပြေးဝင်း တိုင်းဒေသကြီး မထသရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပို့ဆောင်ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မူယာရှိန်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံအာမခံ လုပ်ငန်း တိုင်းဒေသကြီး တာဝန်ခံ ဒေါ်ခင်ထွေးမေက ဧရာဝတီတိုင်း ဒေသကြီးတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုရှိသလို မတော်တဆ ယာဉ်ထိခိုက်မှု၊ မီးလောင်မှု၊ တိမ်းမှောက်မှု၊ မလိုတမာဖျက်ဆီးခံရမှု စသည်တို့တွင် အာမခံထားရှိပါက နစ်နာဆုံးရှုံးမှုများအတွက် ပေးလျော် မည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်၏ စေတနာပိုင်းကို သိနားလည်ခွင့်ရှိစေ ရန် ဖိတ်ခေါ်ကြောင်း၊ အာမခံ အကြောင်း သိကောင်းစရာ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(ပုသိမ်လှကြည်)

No comments:

Post a Comment