Friday, September 1, 2017

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့ကျင်းပ

Image may contain: one or more people, people sitting, table and indoor
ဘားအံ သြဂုတ် ၃၁
ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့ကို သြဂုတ် ၃၁ ရက် နံနက် ၁ဝ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၂ ဦး (၉၅ ဒသမ ၆၅ ရာခိုင်နှုန်း) တက်ရောက်ခဲ့ကြ သည်။
အစည်းအဝေးတွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းဆိုင်ရာ လျာထားချက် စာရင်းကို လည်းကောင်း၊ ဘားအံမြို့ ကမ်းနားလမ်း သန့်ရှင်းသာယာလှပ ရေး အဆင့်မြှင့်တင်ဆောင်ရွက် မည့် စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က လည်းကောင်း၊ ဘားအံ မြို့ ဘားကပ်ကျေးရွာ သံလွင်မြစ်ကမ်း နံဘေးတွင် တန် ၄ဝဝဝ ခံနိုင်ဝန်ရှိ သော ဆိပ်ခံတည်ဆောက်မည့် စီမံ ကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးစောပြည်သာက လည်းကောင်း ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်းကြသည်။
ထို့နောက် အဆိုပါတင်သွင်းမှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ အမည်စာရင်း တင်သွင်းနိုင် ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်က ကြေညာပြီး ဒုတိယ အကြိမ် ကရင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ ကို စက်တင်ဘာ ၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment