Wednesday, September 20, 2017

ထိုင်းရွေ့လျားသွားဆရာဝန်များအဖွဲ့ တောင်ကြီးမြို့ ဝန်းကျင်ရှိ ပြည်သူများအား သွားအခမဲ့စစ်ဆေးကုသပေး

Image may contain: 7 people, people standing
တောင်ကြီး စက်တင်ဘာ ၁၉
ထိုင်းဘုရင့်တော်ဝင်မိသားစု၏ထောက်ပံ့အားပေး
မှုဖြင့် ရန်ကုန်မြို့ ထိုင်းသံရုံးရှိ ထိုင်းနိုင်ငံ နာရဲစွန်
တက္ကသိုလ်မှ သွားဆရာဝန်ကျောင်းသားဟောင်း
များအသင်းတို့၏ ကူညီထောက်ပံ့မှုအဖြစ် ထိုင်း
ရွေ့လျားသွားဆရာဝန်များအဖွဲ့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် တောင်ကြီးမြို့အနီးဝန်းကျင်ရှိ မြို့နယ်များမှ ဒေသတွင်း ပြည်သူများအား သွား
ရောဂါအခမဲ့စစ်ဆေးမှုများ၊ ကုသမှုများဖွင့်ပွဲကို
စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက တောင်ကြီး
မြို့ စဝ်စံထွန်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့ကျင်းပသော ထိုင်းရွေ့လျား သွားဆရာဝန်
များအဖွဲ့၏ သွားရောဂါဆိုင်ရာ လူနာများ အခမဲ့
ကုသပေးခြင်းအစီအစဉ်ကို ထိုင်းဘုရင့်တော်ဝင်
ထောက်ပံ့အားပေးမှုနှင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၊ ထိုင်းနိုင်ငံ နာရဲစွန်တက္ကသိုလ်မှ သွားဆရာဝန်
ကျောင်းသားဟောင်းအသင်းတို့၏ ကူညီ
ထောက်ပံ့မှုအဖြစ် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ
ကြီးတွင် စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ
သွားရောဂါဆိုင်ရာလူနာများအား နေ့စဉ် လူနာ
၎ဝဝ ခန့်ဖြင့် လူနာ ၁၂ဝဝ ခန့်အား အခမဲ့ကုသ
ပေးသွားမည်ဖြစ်ကြောင်းသိရှိရ၍ များစွာ ဝမ်း
မြောက်ဂုဏ်ယူပါကြောင်း၊ ထိုင်းနိုင်ငံ၏ ဘုရင်
မင်းမြတ်အနေဖြင့်လည်း ပြည်သူများ ကျန်းမာ ရေးအတွက် အလေးထား ဆောင်ရွက်ပေးပါ
ကြောင်းနှင့် သွားကျန်းမာရေးအတွက် ဆောင်ရွက်
ပေးမှုများကို ကြားသိရပါကြောင်း၊ ထိုင်းဘုရင်
မင်းမြတ် ဘူမိဘောအဒူယာဒရှ်၏ ထောက်ပံ့အား ပေးမှုဖြင့် ၁၉၆၉ ခုနှစ်နောက်ပိုင်းမှ စတင်ကာ
ထိုင်းတော်ဝင်သွားဆရာဝန်များအဖွဲ့ကို ဖွဲ့စည်း၍ ယနေ့တိုင် ပြည်သူများ၏ သွားကျန်းမာရေးအတွက် ဆောင်ရွက်ပေးမှုများကိုလည်း ကြားသိရ၍ များစွာ
ဝမ်းမြောက်ကြောင်း၊ ယခုလို ပထမဆုံးအကြိမ်
လာရောက်၍ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ
ကြီးတွင် သွ
ားရောဂါဆိုင်ရာလူနာများအား အခမဲ့
ကုသပေးခြင်းကို မြန်မာနိုင်ငံပြည်သူများနှင့် လူနာ
များကိုယ်စား ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြော
ကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး ဒုတိယသံအမတ်ကြီးက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က သွားရောဂါကုသသည့် လူနာများ
အား စမ်းသပ်ကုသမှုများကို လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment