Saturday, September 23, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းအပေါ်သုံးသပ်ချက်



မြန်မာ့အလင်းအယ်ဒီတာအာဘော်




M.K.BHADRAKUMARဟူသော ပုဂ္ဂိုလ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ သံတမန်များသို့ ရှင်းလင်းပြောကြားသော မိန့်ခွန်းအပေါ် ချီးကျူးသောဆောင်းပါး (Why Trump should study Aung San Suu Kyi's speech)ကို မျှဝေတင်ပြလိုပါသည်။
M.K.BHADRAKUMARက ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို သုံးသပ်ခြင်းဖြင့် ချင့်ချင့်ချိန်ချိန်ရှိခြင်း၊ သည်းခံခြင်းနှင့် ပြန်လည်သင့်မြတ်ရေးသဘောတို့ကို လေ့လာနိုင်မည်ဟု တင်ပြထား ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တုနှိုင်းမရှိဆိုသည့် သဘော သက်ရောက်သော မည်ကဲ့သို့သော ပြောဆိုချက်မျိုးကိုမှ ဖွင့်ဟပြောဆိုခဲ့ခြင်းမရှိသကဲ့သို့ နှိမ့်ချမှုကို အစွမ်းကုန်ကျင့်သုံးလျက် မြန်မာနိုင်ငံ၏ အားနည်းချက်များအပေါ် ကမ္ဘာ့နိုင်ငံများက နားလည်မှုရှိလာစေရန် ပြောဆိုခဲ့သည်ဟု M.K.BHADRAKUMAR က ချီးကျူးထား ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ချက်သည် တခြားပုဂ္ဂိုလ်အဖွဲ့ အစည်းတို့၌လည်း အပြစ်ရှိကြောင်း သက်သေထူတင်ပြရန် မဟုတ်သည် ကိုM.K.BHADRAKUMARက ထောက်ပြထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စွပ်စွဲချက်တို့နှင့် တုံ့ပြန်စွပ်စွဲချက်တို့ရှိနေသည်ကို အသိအမှတ်ပြုသော်လည်း လက်တွေ့ကျကျသုံးသပ်ဆုံးဖြတ်ရမည်ဟူသော သဘောထားအား ဆုပ်ကိုင်ထားသည်ကိုM.K. BHA-DRAKUMARက မီးမောင်းထိုးတင်ပြထားပါသည်။
မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြ သော အနေအထားအပေါ် ကမ္ဘာ့နိုင်ငံများက အာရုံစိုက်လာစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းတင်ပြချက်ကို M.K.BHA-DRAKUMARက အလေးအနက်အသိအမှတ်ပြုထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပအဖျက်အမှောင့်အင်အားစုတို့နှင့် အစွန်းရောက်အစ္စလာမ်အကြမ်းဖက်အင်အားစုတို့အပေါ် အပြစ်ဖို့ ခြင်း(သို့မဟုတ်) အမျိုးသားရေးစိတ်ဓာတ်လှုံ့ဆော်ခြင်းတို့ကို ပြုလုပ် လျက် အပြစ်တင်မှုများမှ အလွယ်တကူရှောင်ထွက်နိုင်သော်လည်း လေးလေးနက်နက် သုံးသပ်တင်ပြရန်ကိုသာ ရွေးချယ်ခဲ့သည်ကိုM.K. BHADRAKUMAR က ကောင်းချီးသြဘာပေးထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ဖြစ်ပျက်ခဲ့သော အခြေ အနေတို့အပေါ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဘောဂဗေဒ အကြောင်းခြင်းရာ အနေအထားတို့အရ မျှမျှတတသုံးသပ်ခဲ့ရုံသာမက အဆိုပါအခြေ အနေတို့ကို မြန်မာနိုင်ငံအစိုးရ ရင်ဆိုင်နေရသော အဓိကစိန်ခေါ်ချက် သုံးရပ်နှင့် ဆက်စပ်တင်ပြခဲ့သည်ဟုM.K.BHADRAKUMAR က ထောက်ပြထားပါသည်။ အဆိုပါအဓိက စိန်ခေါ်ချက်သုံးရပ်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သည် ရင့်ကျက်ရန် လိုနေ သေးသော ဖွံ့ဖြိုးစအနေအထားဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သည်ကိုM.K.BHADRAKUMAR က ချီးကျူးထားပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း သည် အပြန်အလှန် ဆက်စပ်နေသော အချက်ကြီးသုံးချက်အပေါ် အားပြု ထားသည်ဟု M.K.BHADRAKUMAR က ထောက်ပြထားပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် အစီရင်ခံစာ၏ အကြံပြုချက်များအား အကောင်အထည်ဖော် ပေးမည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ကတိကဝတ်ကို အရေးအကြီး ဆုံးအချက်အဖြစ်M.K.BHADRAKUMAR က တင်ပြထားပါသည်။ အချိန်ဇယားအတိအကျပါဝင်သော နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် တို့ကို ဆောင်ရွက်ပေးမည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ မဟာ ဗျူဟာကိုM.K.BHADRA KUMARက ဒုတိယအချက်ကြီးအဖြစ် တင်ပြထားပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ရရှိထား သည့် သဘောတူညီချက်တို့နှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည် များအား အလျင်အမြန်လက်ခံသွားမည်ဟူသော ကတိစကားကို M.K.BHADRAKUMARက အလေးထားတင်ပြထားပါသည်။ ပြည်ပအင်အားစုတို့၏ အလွန်အကျွံလှုံ့ဆော်ရန်စမှုများနှင့် ဝင်ရောက် စွက်ဖက်မှုများအပေါ် မကျေမချမ်းအမူအရာတို့ ပြဖို့ဝေးစွ၊ ရှေ့လာမည့် ကာလတို့၌ နိုင်ငံတကာနှင့်အပြုသဘောလက်တွဲဆောင်ရွက်ရန် လက်ကမ်း ကြိုဆိုလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်ကိုM.K.BHA-DRAKUMAR က တတိယအရေးကြီးသော အချက်အဖြစ် တင်ပြ ထားပါသည်။M.K.BHADRAKUMAR ၏ တင်ပြချက်တို့ကို မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးတို့က လေ့လာသုံးသပ်သင့်ပါကြောင်း လေးနက်စွာတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment