Wednesday, September 20, 2017

မိုးရွာသွန်းမှုကြောင့် တံတားချဉ်းကပ်လမ်းမြေတာပေါင် ကျောက်ရိုးစီမြေကာနံရံပြိုကျ

Image may contain: plant, tree, grass, outdoor, nature and water
ခင်ဦး စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် စက်တင်ဘာ
၁၇ ရက် နံနက် ၂ နာရီက မိုးရွာသွန်းမှုကြောင့် သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာကြား ခင်ဦး-ရေဦးလမ်း (၇-၈) ကီလိုမီတာ
ကြား တံတားအမှတ် (၂/၈) ချဉ်းကပ်လမ်း မြေတာပေါင် ကျောက်
ရိုးစီမြေကာနံရံ ပေ ၆ဝ ခန့်မှာ ကျောက်ရိုးစီနံရံ ယိုင်လဲခြင်း၊
မြေတာပေါင်ပြိုကျခြင်းများဖြစ်ပွားခဲ့သည်။
အဆိုပါပြိုကျရာသို့ မြို့နယ်လမ်းဦးစီးဌာနက အရှည်ပေ ၉ဝ
မျောတိုင်ဖြင့်တုတ်ရိုက်၍ ကတ္တရာပီပါပြား ကာရံခြင်း၊ မြေဖြည့်
ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်နှင့် မြို့နယ်လမ်းတံတားဦးစီးဌာန တာဝန်ရှိသူတို့က စက်တင်ဘာ ၁၈ ရက်က ကွင်းဆင်းစစ်ဆေးခဲ့
ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိကြောင်း သိရသည်။
ယင်းတံတားလုပ်ငန်းမှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တံတား
အထူးအဖွဲ့မှ ဆောင်ရွက်ခဲ့သော အရှည်ပေ ၁၅ဝ ကွန်ကရစ်တံတား
ဖြစ်ပြီး တစ်ဖက်လျှင် အရှည်ပေ ၁၅ဝ ကျောက်ရိုးစီမြေကာနံရံ တည်ဆောက်ထားကြောင်း သိရသည်။
(ခင်ဦးစိုးဝေ)

No comments:

Post a Comment