Friday, September 1, 2017

စစ်တောင်းအရှေ့ဘက်ကမ်းဒေသ ဂွေးသဲချောင်းကူးတံတား ကျိုးကျပျက်စီး၍ဒေသခံများသွားလာရေးအခက်အခဲဖြစ်

Image may contain: sky, tree, bridge, outdoor, water and nature
ရေတာရှည် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် ရွာသွန်းခဲ့သောမိုး ကြောင့် တောင်ကျရေတိုက်စားခဲ့ပြီး သြဂုတ် ၂၈ ရက် ည ၁ဝ နာရီခန့်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေသ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာအနီး အရှည် ၁၅ ပေ၊ အကျယ် ၂၄ ပေရှိ ဂွေးသဲ ချောင်းဖြတ် ကွန်ကရစ်အုတ်ခံ သစ်သားတံတား ကျိုးကျပျက်စီးသွား ခဲ့၍ ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလာရေးအခက်အခဲဖြစ်ပေါ် လျက်ရှိကြောင်းသိရသည်။
အဆိုပါတံတားသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် လွှတ်တော် ရန်ပုံငွေ၊ ဒေသခံများ၏စုပေါင်းထည့် ဝင်ငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆည်တော်၊ ထန်းပင်ကုန်း၊ ကြာအင်း ကုန်း အစရှိသည့်ကျေးရွာများအား ထားသွားလာရသည့် တံတားတစ်စင်း ဖြစ်ကာ တံတားကျိုးပျက်သွားသည့် အတွက် ခရီးသွားလာသူများ အခက် အခဲဖြစ်ပေါ်လျက်ရှိကြောင်း ကြာ အင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးစိုးသောင်းက ပြောကြား သည်။
တံတားကျိုးကျသည့်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ မြို့ နယ်ကျေးလက်ဦးစီးမှူး ဦးရန်နိုင် ညွှန့်နှင့် တာဝန်ရှိသူများကကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ပြီး လတ်တလော ဆိုင်ကယ်နှင့် လူများသွားလာနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment