Saturday, September 23, 2017

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ်(၄)အား ဆုံးဖြတ်ချက်(အမိန့်)ချမှတ်





 နေပြည်တော် စက်တင်ဘာ ၂၂



ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝ္ဏစိုး (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ)က ယင်းမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးရှာမွေလရှဲန် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ)အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၇၊ ၆၈ အရ ကန့်ကွက်လျှောက်ထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာ အမှု အမှတ် (၄/၂ဝ၁၇) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့ပြီး လျှောက်ထားခံရသူ ဦးရှာမွေလရှဲန်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၉၃ အရ တန်ပြန်ကန့်ကွက်လွှာတင်သွင်းခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်သန်းနှင့် ဦးသန်းဝင်းတို့ ပါဝင်သည့် ရွေးကောက် ပွဲခုံအဖွဲ့ (၁)က ကြားနာစစ်ဆေးပြီး လျှောက်ထားသူ ဒေါက်တာဝ္ဏစိုး၏ ကန့်ကွက် လွှာနှင့် ဦးရှာမွေလရှဲန်၏ တန်ပြန်ကန့်ကွက်လွှာတို့ကို ပလပ်ကြောင်းနှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးရှာမွေလရှဲန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment