Friday, September 1, 2017

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကျိုက်ထီးရိုးတောင်ပေါ်မှ ဈေးသူဈေးသားများနှင့်တွေ့ဆုံ

Image may contain: 4 people
ကျိုက်ထို သြဂုတ် ၃၁
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်လွှတ်တော်ကိုယ်စားလှယ်များ ကျိုက်ထီးရိုးတောင်ပေါ်မှ ဈေးသူဈေးသားများနှင့်တွေ့ဆုံ ပွဲကို သြဂုတ် ၃ဝ ရက် မွန်းလွဲ ၂ နာရီက ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးစံက မွန် ပြည်နယ်တွင်ကျော်ကြားသည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတြော်မတ်ကို၂ဝ၁၆-၂ဝ၁၇ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရာအနယ်နယ်အရပ်ရပ်မှလာရောက်ဖူးမြော်သူ ဦးရေ ၂၅ သိန်းခန့်ရှိပြီး နိုင်ငံရပ်ခြားမှလာရောက်ကြည် ညှိသူ ၁၅ဝဝဝဝ ခန့်ရှိ၍ မိမိတို့နိုင်ငံမိမိတို့ တိုင်းပြည်ဂုဏ် သိက္ခာမကျဆင်းစေရန် ဈေးသူဈေးသားများမှာတာဝန်ရှိ ကြောင်း၊ ကိုယ်အမူအရာ နှုတ်အမူအရာဖြင့်မေတ္တာထား ၍လုပ်ကိုင်ရန်လိုကြောင်း၊ အချို့ဆိုင်များတွင်တောတွင်း တိရစ္ဆာန်များကိုသတ်ဖြတ်၍ အသွေးအသားများကို ရောင်းချ၍စီးပွားရှာမှုအပေါ် လုံးဝခွင့်ပြုမည်မဟုတ် ကြောင်း၊ လာမည့်ဗုဒ္ဓပူဇနိယပွဲတော်တွင် ကေဘယ်ကား ပြေးဆွဲမည်ဖြစ်၍ ရသေ့တောင်တွင်ဘုရားဖူး ဧည့်သည် များပြားလာမည့်အတွက် သန့်စင်ခန်းများကိုစနစ် တကျ တည်ဆောက်ထားရှိရန်လိုကြောင်း၊ ရေနှင့်မီးအသုံးပြု ရာတွင်လည်း ပြည်သူတစ်ဦးအနေဖြင့် ကျသင့်သည့်အခွန် ကိုထမ်းဆောင်ဖို့လိုကြောင်း၊ သဘာဝပတ်ဝန်းကျင်ဇီဝမျိုး မပျောက်ပျက်စေရန် သစ်ပင်ဝါးပင်များကို ထိန်းသိမ်းသွား ရန်လိုကြောင်း မှာကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင် က ကျိုက်ထီးရိုးတောင်ပေါ် ဈေးသူဈေးသားများအနေဖြင့် ယခင်နှစ်လေလံဆွဲခဲ့သည့်အတိုင်း ပြန်လည်ချထားပေး မည်ဖြစ်ပြီး ဂေါပကအနေဖြင့် စည်းမျဉ်းစည်းကမ်းအတိုင်း တိတိကျကျဆောင်ရွက်သွားမည်ဖြစ်၍ ပျံကျဈေးသည်များ မရောင်းချရန်နှင့် ရောင်းချပါကအရေးယူသွားမည်ဖြစ် ကြောင်း ဥပဒေအရရောင်းချသင့်သည့်ပစ္စည်းများကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက မိမိတို့ဂေါပကအနေဖြင့် လက်ရှိလုပ်ကိုင် နေသူများအနေဖြင့် သတ်မှတ်ထားသည့်ဘောင်အတွင်းမှ လေလံရရှိရန် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့လုပ်ကိုင်ခဲ့
သည့်လုပ်ငန်းများမရရှိလျှင် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမည်ဖြစ်ကြောင်း၊ ဂေါပကအနေဖြင့် ယခင်နှစ်က အားနည်းချက်များအပေါ် အားသာချက်ဖြစ်လာစေရန် တိကျခိုင်မာစွာဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား သည်။
မြို့မိမြို့ဖ ဦးဝိတင်၊ကျိုက်ထီးရိုးဈေးသူဈေးသားများနာယက ဦးနေထက်သိန်းနိုင်၊ ဈေးကော်မတီအဖွဲ့ဝင် ဦးလွန်းတင်တို့က ဆံတော်ရှင်ကျိုက်ထီးရိုး ဘုရားဂုဏ်ရှိန် မြင့်မားပြီး တောင်တော်ပတ်ဝန်းကျင်လှပသန့်ရှင်း၍ လာရောက်ဖူးမြော်သူဘုရားဖူးများစိတ်ချမ်းသာစေရန် ဈေးသူဈေးသားများနှင့်ပူးပေါင်း၍ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဝင်းမောင်(ကျိုက်ထို)

No comments:

Post a Comment