Friday, September 22, 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မောင်တောဒေသနေရပ်စွန့်ခွာဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံအားပေး





 နေပြည်တော် စက်တင်ဘာ ၂၁



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့ရှိ အောင်မြေဗောဓိသာသနာ့ရိပ်သာ၌ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြားသည်။
ထို့နောက် ငါးရဲချောင်းရွာ၊ အင်းဒင်ရွာ၊ ပြားသားရွာ၊ တောင်ပြိုလက်ဝဲရွာများ မှ တိမ်းရှောင်လာသည့် ရွာသူ၊ ရွာသားများ၊ ကျောင်းဆရာများ၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတွင် ပရဟိတလုပ်ငန်းများ လာရောက် လုပ်ဆောင်ပေးနေ သူများက အကြမ်းဖက်မှုဖြစ်စဉ်အတွင်း တွေ့ကြုံခဲ့ရသည့်အခြေအနေများ၊ ပတ်ဝန်း ကျင် ဘင်္ဂါလီရွာများမှာ အင်အားများပြားမှုကြောင့် လုံခြုံရေးလိုအပ်မှုအခြေအနေများ၊ နယ်မြေဒေသအတွင်းြ<ွကင်းကျန်သည့် အစွန်းရောက်အကြမ်းဖက်သမားများကို ရှင်းလင်းပေးရေးကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေးခက်ခဲမှုနှင့် လုပ်ကိုင်စားသောက်ရေးအခက်အခဲများ၊ နယ်စပ်ခြံစည်းရိုး ခိုင်ခံ့လုံခြုံမှုရှိရေး ကိစ္စရပ် များအား တင်ပြကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဒေသခံ ပြည်သူများအား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက်ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မောင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နေရပ် စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဟိန္ဒူလူမျိုးများနှင့် အခြေခံပညာမူလတန်း ကျောင်း (မြို့မကညင်တန်း)ခန်းမတွင် နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဘင်္ဂါလီများအား သီးခြားစီသွားရောက်တွေ့ဆုံခဲ့သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်စပ် အမှတ်(၁) ဝင်ထွက်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၂) အခြေခံပညာ ကျောင်းခွဲ(၄ မိုင်)ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင် လျက်ရှိသည့် ဒေသခံ ဒိုင်းနက်၊ မြို၊ သက်တိုင်းရင်းသားများအား တွေ့ဆုံအားပေး စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ထောက်ပံ့ပစ္စည်း များ ပေးအပ်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ARSAအစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ နှင့် နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် တတိယအကြိမ် အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ဧရာဝတီဖောင်ဒေးရှင်းက နယ်စပ်ခြံစည်းရိုး နှစ်မိုင်ကာရံခြင်းအတွက် ငွေကျပ် ၁၂၆၇၆ သိန်း၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)က ငွေကျပ် သိန်း ၂ဝဝဝ၊ ကွန်းခိုရာဖောင်ဒေးရှင်း က ငွေကျပ်သိန်း ၃ဝဝဝ၊ ရွှေသံလွင် Sky Net ကုမ္ပဏီက ငွေ$ကျပ် သိန်း ၁ဝဝဝ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး မိသားစုက ငွေ$ကျပ် ၂၅ သိန်း အပါအဝင် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ယနေ့ကျင်းပသည့် တတိယအကြိမ် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင် လှူဒါန်းငွေ စုစုပေါင်းမှာ ငွေ$ကျပ်သိန်းပေါင်း ၂၂၇၇၈ သိန်း၊ ပဲစင်းငုံအိတ် ၇၅ဝ၊ ဆန်အိတ် ၁ဝဝ၊ စားသုံးဆီပိဿာ ၁ဝဝ နှင့် ငွေကျပ် ၂၅ သိန်းတန်ဖိုး ရှိ ထောက်ပံ့ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ လေဆိပ်သို့ရောက်ရှိကြပြီး လေဆိပ်ဧည့်ခန်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအားတွေ့ဆုံ၍ နယ်မြေဒေသအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နေရပ်စွန့်ခွာသွားကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ မိမိနေရပ် ဒေသတွင် ပြန်လည်နေထိုင်ရေး၊ မီးလောင်ပျက်စီးသွားသည့် ကျေးရွာများအား ပြန်လည်နေရာချထားရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် နယ်စပ်ဒေသ ခြံစည်းရိုးကာရံရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီးMr. Iwao HOR II အား ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment