Sunday, September 3, 2017

ရုရှားတွင်မြေပြိုမှုဖြစ်ပွားရာ လမ်းများပျက်စီးခဲ့သဖြင့် လူ ၇၇ဝဝ ပိတ်မိနေ





 မော်စကို စက်တင်ဘာ ၂ 




ရုရှားနိုင်ငံအနောက်တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သည့်တောင်ထူထပ်သည့်နေရာများ တွင် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရေး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း ရုရှားအရေးပေါ် ဝန်ကြီးဌာနက မကြာသေးမီတွင် ပြောခဲ့သည်။
မြေပြိုမှုဖြစ်ပွားခဲ့သည့် အယ်လ်ဘရက်စ်ဒေသတွင် နိုင်ငံ ခြားသားခရီးသွား ၅၂၅ ဦးရှိသည့်အနက် ၂၂၄ ဦးမှာနိုင်ငံခြား သားခရီးသွားအခြေစိုက် စခန်းများတွင် နေထိုင်လျက်ရှိပြီး အခြားသူများက တောင်ပေါ်သို့ ဆက်လက်တက်ရန်ကြိုးစား နေကြောင်း တောင်ပိုင်းဒေသဆိုင်ရာ ရုရှားအရေးပေါ်ဝန်ကြီးဌာန အကြီးအကဲ အစ်ဂေါအော်ဒါက ပြောခဲ့သည်။ နိုင်ငံခြားသား ခရီးသွားများကို အ္တရာယ်ရှိဇုန်မှ ဘေးကင်းရာသို့ ကယ်ထုတ်ရန် အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း ¤င်းကဆက်လက်ပြောကြား ခဲ့သည်။
ရုရှားနိုင်ငံရှိ တရုတ်သံရုံးက အဆိုပါဒေသတွင် တရုတ် နိုင်ငံသားများမရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။
အမ်အိုင်-၈ ရဟတ်ယာဉ်နှစ်စင်း၊ ဘတ်စ်ကားရှစ်စီးအပါ အဝင် လူပေါင်း ၃၄၁ ဦးပါဝင်သော အဖွဲ့ ၄၇ ဖွဲ့သည် ကယ်ဆယ် ရေးပစ္စည်းအပြည့်အစုံဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
အယ်လ်ဘရက်စ်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်းရှစ်ပိုင်း ပျက်စီးခဲ့ပြီး ဘက်စ်ကန်မြစ်မှ မြစ်ရေများလည်း မြင့်တက်လာခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့အတူ ဒေသတွင်းဓာတ်ငွေ့ပိုက်လိုင်းများလည်း ပျက်စီး ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒေသတွင်လူပေါင်း ၇၇ဝဝ ပိတ်မိ နေကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment