Sunday, September 3, 2017

မာရဝီတောင်ပိုင်းရှိ ကျန်ဒေသများကို ပြန်လည်သိမ်းပိုက်နိုင်ရေး အစိုးရတပ်ဖွဲ့များ ဆက်လက်ထိုးစစ်ဆင်






မနီလာ စက်တင်ဘာ ၂ 



မာရဝီတောင်ပိုင်း ကျန်ရှိနေသည့်နေရာများကို ပြန်လည်သိမ်း ပိုက်နိုင်ရေး ထိုးစစ်ဆင်နွှဲမှုများမှာ ပိုမိုပြင်းထန်သည့်အခြေ အနေတွင်ရှိနိုင်ကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီကို ဒူတာတေး၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာ၂ ရက်တွင် ပြောခဲ့သည်။
အိုင်အက်စ်အစွန်းရောက်များ ကြီးစိုးနေသော နောက်ဆုံး ကျေးရွာများကို ပြန်လည်သိမ်းပိုက်နိုင်ရေး အစိုးရတပ်ဖွဲ့များက တိုက်စစ်ကို အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်း သိရသည်။
မာရဝီမြို့၏ အရေးပါသော နေရာများကို အစိုးရ လက်အောက်သို့ ဘေးကင်းစွာပြန်လည်ရောက်ရှိနိုင်ရေး အစိုးရ တပ်ဖွဲ့များ၏ စွမ်းစွမ်းတမံဆောင်ရွက်မှုများကို သမ္မတ၏ ပြော ခွင့်ရပုဂ္ဂိုလ် အားနက်စတိုအက်ဘ်ဘီလာက ချီးကျူးပြောဆိုခဲ့ သည်။
အစိုးရတပ်ဖွဲ့များသည် ဘန့်ဂိုလူရှိ ဘာရာဘိုတံတားကို အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်သမားများလက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါတံတားသည် အစိုးရတပ်ဖွဲ့များနှင့် စစ်သွေြး<ွကများ ကြားအရေးကြီးသော စစ်ပွဲဖြစ်ပွားရာနေရာဖြစ်ကြောင်း၊ အဆိုပါတံတားကို ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲများတွင် အစိုးရတပ်ဖွဲ့မှ ၅၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး သုံးဦးသေဆုံး ခဲ့ကြောင်း သိရသည်။
အဆိုပါတံတားကို သိမ်းပိုက်နိုင်ရုံသာမက အကြမ်းဖက် သမားများ၏ခြေကုပ်ယူရာနေရာများဖြစ်သည့် ဘာသာရေး အဆောက်အအုံများ၊ ကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
ကျန်ဒေသများကို ဆက်လက်သိမ်းပိုက်နိုင်ရေး အစိုးရ တပ်ဖွဲ့များက ကြိုးစားနေကြောင်းသိရသည်။ အကြမ်းဖက် သောင်းကျန်းသူများမှာ ပြည်သူအယောက် ၅ဝ ကို ဓားစာခံ အဖြစ် ဖမ်းဆီးထားကြောင်း အစိုးရတပ်ဖွဲ့က ပြောခဲ့သည်။ စစ်ပွဲကြောင့်ပျက်စီးနေသော မာရဝီဒေသတွင် တိုက်ခိုက်ရေး သမား အယောက် ၅ဝ ခန့်ရှိကြောင်း သိရသည်။ မေ ၂၃ ရက်ကစတင်ခဲ့သော အဆိုပါတိုက်ခိုက်မှုများတွင် လူပေါင်း ၈ဝဝ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment