Sunday, September 3, 2017

မြန်မာနိုင်ငံအတွက်ခံစားချက်တွေကိုရေးစပ်သီဆိုခဲ့တဲ့အမေရိကန်နိုင်ငံသားအဆိုတော်ဦးဂျွန်ကြီး

Image may contain: 2 people, people on stage and people standing
မြန်မာနိုင်ငံ၏ သဘာဝအလှအပများ၊ နိုင်ငံ့ခေါင်း ဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိများနှင့် သူ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်စဉ် တွေ့ကြုံ ခဲ့ရသည့်အတွေ့အကြုံများကို အမေရိကန်နိုင်ငံသား အဆိုတော် ဦးဂျွန်ကြီးက သူ၏ တစ်ကိုယ်တော် တေးအယ်လ်ဘမ်ထဲမှာ ရေးသားသီဆိုထားကြောင်း သိရသည်။
''ဒီသီချင်းတွေဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း က ကျွန်တော် မြန်မာပြည်မှာ နေထိုင်ခဲ့တဲ့ ကာလအတွင်းက တွေ့ကြုံခံစားဖြစ်ပေါ်ခဲ့တဲ့ သီချင်းတွေဖြစ်ပါတယ်။ သီချင်းအသီးသီးဟာ ဘယ်နေရာ ဘယ်အချိန်မှာဖြစ်ပေါ်လာတာကို ကျွန်တော်ပြောပြနိုင်ပါတယ်။ အနုပညာသမား စစ်စစ်ဆိုတာ ငွေလည်းမမှု၊ ကျော်ကြားမှုလည်း မမှုပါဘူး။ သူတို့ရဲ့ ခံစားမှုအတွေ့အကြုံတွေကို မျှဝေလို ခံစားလိုခြင်းသာဖြစ်ပါတယ်။ သီချင်းခွေ ''၈'' မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ကိုယ်တိုင်ရေးသော စကားသံစဉ်တွေနဲ့ တင်ဆက် ထားပါတယ်။ ဒီသီချင်းတွေရဲ့ပိုင်ရှင်ဟာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ရင် ကို ထိခိုက်လှုပ်ရှားစေခဲ့တဲ့ မြန်မာပြည် မြန်မာနိုင်ငံ သားတွေနဲ့လည်း သက်ဆိုင်ပါတယ်''လို့ ဦးဂျွန်ကြီး က ပြောပြခဲ့သည်။ သူသည် ပေးမယ်ယူမလား အမည်ရှိ တေးအယ်လ်ဘမ်ကို ၂ဝဝ၉ ခုနှစ်က ထုတ်ဝေခဲ့ပြီး ယခု ''၈'' အမည်ရှိ တေးအယ်လ်ဘမ် သည် သူ၏ ဒုတိယမြောက်တေးအယ်လ်ဘမ်လည်း ဖြစ်သည်။
(မေနှင်းဆီ)

No comments:

Post a Comment