ရန်ကုန် စက်တင်ဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ရုံး၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ဝိုင်းဝန်းစဉ်းစားဖော်ထုတ်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် နိုင်ငံတကာမီဒီယာအဖွဲ့များ၏ ရပ်တည်ချက်မတူညီမှု၊ အမြင်မတူ ညီမှုတို့တွင် လုပ်ကြံသည့် သတင်းများဖြင့် နိုင်ငံရေးကိစ္စတွင် မီဒီယာကို တလွဲအသုံးပြုမှုများ တွေ့ရှိရပါကြောင်း၊ သတင်း အလိမ်အညာများကို စောင့်ကြပ်ကြည့်ရှုပြီး ခွဲခြားနိုင်မည့် သတင်းစောင့်ကြည့်ကြီးကြပ်ရေးကော်မတီ (Media Moni-toring Committee)ကို သတင်းမီဒီယာကောင်စီက ဖွဲ့စည်း လုပ်ဆောင်မည့် အစီအမံအပေါ် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သတင်း မီဒီယာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကမီဒီယာများအနေဖြင့်လည်း စတင်ဖွဲ့စည်းလုပ်ဆောင်ချိန်မှစပြီး မည်မျှစွမ်းဆောင်နိုင်သည်၊ တိုးတက်နိုင်မှုရှိသည်၊ မည်သည့်နေရာများတွင် အားနည်းမှုများ ရှိနေသည် စသည်ဖြင့် မိမိအဖွဲ့အစည်းကို မိမိသုံးသပ်ပြင်ဆင်မှု များ ပြုလုပ်သင့်ပါကြောင်း၊ သတင်းမီဒီယာအဆင့်အတန်း ဖွံ့ဖြိုး တိုးတက်စေရန်အတွက် မည်သည့်အချက်များ ဆောင်ရွက် သင့်သည်ကို တိတိကျကျဖြစ်စေရေး ဝိုင်းဝန်းစဉ်းစားဖော်ထုတ် လုပ်ဆောင်ရေးကိုလည်း လုပ်ဆောင်ကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံမှ သတင်းမှန်များ နိုင်ငံတကာသို့ ပျံ့နှံ့စေရေး၊ ပူးပေါင်းဆောင်ရွက် ရန်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ နှစ်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
သင်တန်းဆင်းလက်မှတ်ချီးမြှင့်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် မြန်မာသတင်း ပညာသိပ္ပံမှ ဖွင့်လှစ်သော တတိယအကြိမ်မြောက် အချိန်ပြည့်နှင့် အချိန်ပိုင်း မာလ်တီမီဒီယာ သတင်းပညာဒီပလိုမာသင်တန်း ၂ဝ၁၇ သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက် ရောက်သည်။
အခမ်းအနားတွင် မြန်မာသတင်းပညာသိပ္ပံမှ အမှုဆောင် ဒါရိုက်တာ ဦးသီဟစောက အဖွင့်အမှာစကားပြောကြားသည်။
မီဒီယာကျင့်ဝတ်ကို လေးစားလိုက်နာ
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိမိတို့နိုင်ငံ၏ သတင်းလောကတွင် အများစုသည် စာပေနယ် ထဲမှ သတင်းလောကသို့ ရွှေ့ပြောင်းလာပြီး လုပ်ကိုင်ဆောင်ရွက် ရင်း၊ လေ့လာရင်း၊ သင်ယူရင်းဖြင့် တတ်မြောက်ကြရပါ ကြောင်း၊ ယခုကဲ့သို့ စနစ်တကျ သင်တန်းများဖြင့် မီဒီယာ လောကထဲသို့ဝင်မည့် လူငယ်၊ လူသစ်များ ပေါ်လာသည်မှာ အားရစရာဖြစ်ပါကြောင်း၊ မီဒီယာသမားများသည် မီဒီယာနှင့် ပတ်သက်သည့် အခြေခံများကို ကျွမ်းကျင်ရန်လိုအပ်သလို မီဒီယာကျင့်ဝတ်ကိုလည်း လေးစားလိုက်နာရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် မာလ်တီမီဒီယာသတင်းပညာသင်တန်းတွင် လက်တွေ့ သတင်းလိုက်၊ သတင်းရေးသား ကွင်းဆင်းဆောင် ရွက်ခဲ့ကြသည့် ပုံနှိပ်မီဒီယာ၊ ရုပ်သံနှင့် အွန်လိုင်းမီဒီယာ ဆောင်ရွက်ခဲ့မှု ဗီဒီယိုဖိုင်ကို တင်ဆက်ပြသသည်။
မာလ်တီမီဒီယာသတင်းပညာ ဒီပလိုမာသင်တန်းတွင် အခြေခံသတင်းစာပညာ၊ ရေဒီယို သတင်းပေးပို့ခြင်း၊ သတင်း ဓာတ်ပုံရိုက်ကူးခြင်း၊ ဒစ်ဂျစ်တယ်မီဒီယာဖြင့် ရုပ်သံသတင်း ပေးပို့ခြင်း၊ သတင်းစာကျင့်ဝတ်နှင့် မီဒီယာဥပဒေ၊ သဘာဝ ပတ်ဝန်းကျင်သတင်းရေးသားခြင်း၊ သတင်းသရုပ်ဖော် ဆောင်းပါးရေးသားခြင်း၊ ဗီဒီယိုကင်မရာ၊ အသံဖမ်းစက်၊ ကင်မရာလက်တွေ့ကိုင်တွယ်အသုံးပြုပုံများကို ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း ယူနက်စကို အသိ အမှတ်ပြု သင်ရိုးòန်းတမ်းများကို ပြည်တွင်းမှ ကျွမ်းကျင် သူများသာမက ပြည်ပမှ ကျွမ်းကျင်သင်တန်းဆရာများက စာတွေ့ ၊ လက်တွေ့ သင်ကြားပေးလျက်ရှိသည်။
ယနေ့ တတိယအကြိမ်မြောက် အချိန်ပြည့်၊ အချိန်ပိုင်း မာလ်တီမီဒီယာသတင်းပညာ ဒီပလိုမာသင်တန်း ၂ဝ၁၇ တွင် သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး သင်တန်းဆင်းအောင် လက်မှတ်ပေးအပ်နိုင်ခဲ့သည်။
မြန်မာသတင်းပညာသိပ္ပံကို ၂ဝ၁၄ ခုနစ်တွင် စတင် တည်ထောင်ခဲ့ပြီး ဂျာနယ်လစ် အတွေ့အကြုံနည်းသူများနှင့် အတွေ့အကြုံမရှိသူများအတွက် အချိန်ပြည့် ဒီပလိုမာသင်တန်း၊ လုပ်ငန်းခွင်ဝင်နေကြသည့် ဂျာနယ်လစ်များအတွက် အချိန်ပိုင်း ဒီပလိုမာသင်တန်းနှင့် ရက်တိုသင်တန်းများကို ဖွင့်လှစ်သင် ကြားပေးလျက်ရှိသည်။ မြန်မာသတင်းပညာသိပ္ပံမှ ဒီပလိုမာ ရက်တိုနှင့် ဆရာဖြစ်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၇ဝဝ၊ မာလ်တီမီဒီယာသတင်းပညာသင်တန်းတွင် သင်တန်း သား၊ သင်တန်းသူ ၁၂ဝ တို့ကို ဒီပလိုမာ သင်တန်းဆင်းအောင် လက်မှတ်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment