Friday, September 1, 2017

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

Image may contain: outdoor and food
နေပြည်တော် သြဂုတ် ၃၁
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သြဂုတ် ၃ဝ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၃၂၃ စီး၊ သွင်းကုန် ၃၆၆ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၇ စီး၊ သွင်းကုန် ၁၄၂ စီး ကုန်စည် များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ သြဂုတ် ၃ဝ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ၁၃ မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃ ဒသမ ဝ၁၈ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုခြောက်မှု (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃ ဒသမ ၅၇ဝ သန်းခန့်) စုစုပေါင်းတားဆီးမှု ၁၉ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၆ ဒသမ ၅၈၈ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် သြဂုတ် ၃ဝ ရက်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး လားရှိုးနှင့် ရေပူကြား ရပ်တန့်ထားသော မော်တော်ယာဉ်များကို ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က လိုက်လံစစ်ဆေးခဲ့ရာ မိုင်တိုင်အမှတ် (၁၉၁/၁) ပန်ဖတ်ရွာ ရေစင်အနီး၌ တွဲကား ၂၂ ဘီးယာဉ် တစ်စီး မသင်္ကာဖွယ်ရပ်တန့်ထားသည် ကိုတွေ့ရှိ၍ စစ်ဆေးခဲ့ရာ ယာဉ်ပေါ် တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော ပိတောက်ဓား ရွေတုံး ၇၈ တုံး (၇ ဒသမ ၆ဝ၁၂တန်)၊ ပိတောက်သစ်လုံး ငါးလုံး (သုည ဒသမ ၉၂၂ဝ တန်)၊ ပိတောက် သုံးပေအောက် သစ်လုံး ၁ဝ လုံး (သုည ဒသမ ၆၃၃၈ တန်)နှင့် ပစ္စည်း သယ်ဆောင်သည့် ယာဉ်တစ်စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇ဝ ဒသမ ၂၉၅ သန်းခန့်)ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment