Friday, September 1, 2017

အဝေးပြေးဝင်း ယာဉ်တစ်စီးပေါ်မှ ရိုင်ဖယ်ကျည်ဆန်များ တွေ့ရှိ

Image may contain: food and indoor
ရန်ကုန် သြဂုတ် ၃၁
ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်တွင် သြဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးဝင်းအတွင်း လှိုင်သာယာမြို့နယ်နှင့် မြောင်းမြမြို့နယ်သို့ ပြေးဆွဲသော လိုင်းကားတစ်စီး ပေါ်တွင် ပိုင်ရှင်မဲ့ကျည်ဆန်များတွေ့ရှိကြောင်း သတင်းအရ သောင်ကြီးနယ် မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်ဇော်ဦးနှင့်အဖွဲ့ သွားရောက်အတည်ပြု စုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် နံနက် ၈ နာရီခွဲခန့်က မြောင်းမြမြို့နယ်မှ လှိုင်သာယာမြို့နယ်သို့ ယာဉ်မောင်း မျိုးမင်းဇော်(၂၉)နှစ် တောင်ကွဲကျေးရွာ ကုန်းသာကျေးရွာအုပ်စု မြောင်းမြမြို့နယ်နေသူ မောင်းနှင်လာသည့် ဟွန်ဒိုင်း ဖြူပြာရောင်ခရီးသည်တင်ယာဉ်သည် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ဝ စုစုပေါင်း ၃၇ ဦးအား တင်ဆောင်မောင်းနှင်လာခဲ့ရာ လှိုင်သာယာမြို့နယ် ဒဂုံဧရာ အဝေးပြေးဝင်းသို့ရောက်ရှိပြီး ခရီးသည်များ ကားပေါ်မှဆင်းသွားကြပြီး နောက် ယာဉ်နောက်လိုက် အောင်ကိုထွန်း(၃၂)နှစ် တောင်ခွင်ကျေးရွာ ရေဦး မြို့နယ်နေသူက ကားပေါ်တွင် ကားနောက်ပိုင်းမှရှေ့ဘက်သို့ သန့်ရှင်းရေး ပြုလုပ်စဉ် စက္ကူအဖြူဖြင့်ပတ်လျက် အလျား နှစ်လက်မခန့်၊ အနံ တစ်လက်မခွဲ ခန့်ရှိ စက္ကူဘူးငယ်တစ်ခုတွေ့ရှိခဲ့ရပြီး ဖွင့်ကြည့်ခဲ့ရာ (ဒသမ ၃ဝ၃) ရိုင်ဖယ် ကျည် ၂၅ တောင့်ပါ ဘူးတစ်ဘူးအားတွေ့ရှိခဲ့ရကြောင်း စစ်ဆေးသိရှိခဲ့သဖြင့် လှိုင်သာယာနယ်မြေခံတပ်သို့ အပ်နှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
စိုင်းလင်းဇော်(လှိုင်သာယာ)

No comments:

Post a Comment