Friday, September 22, 2017

မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ





 နေပြည်တော် စက်တင်ဘာ ၂၂



Mrs. Eva HAGER အား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သြစတြီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘော တူညီပြီး ဖြစ်သည်။
Mrs. Eva HAGER ကို ၁၉၅၇ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ¤င်းသည် ၁၉၈၅ ခုနှစ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာတက္ကသိုလ်မှ အာရပ်နှင့် အစ္စလာမ္မစ်လေ့လာရေးနှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာ ပါရဂူဘွဲ့ ကို ရရှိခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် သြစတြီးယား နိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်အထိ သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆီးရီးယား၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ မက္ကဆီကို နိုင်ငံ များရှိ သြစတြီးယားသံရုံးများနှင့် Strasbourg ရှိ ကောင်စစ်ဝန်ချုပ်ရုံးတို့၌ ရာထူးအဆင့်ဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၂ဝဝ၅ ခုနှစ် ဧပြီလမှ ၂ဝဝ၉ ခုနှစ် သြဂုတ်လအထိ ဆိုက်ပရပ်စ်နိုင်ငံဆိုင်ရာ သြစတြီးယား သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ မက္ကဆီကို ပြည်ထောင်စုနိုင်ငံဆိုင်ရာ သြစတြီးယားသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ¤င်းသည် အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်နှင့် အာရပ် ဘာသာစကားတို့ကို တတ်ကျွမ်းပါသည်။
(သတင်းစဉ်)

No comments:

Post a Comment