Saturday, September 2, 2017

ပါကစ္စတန် ကရာချိ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုး၊ လူပေါင်း ၁၂ ဦးထက်မနည်းသေဆုံး




ကရာချိ စက်တင်ဘာ ၁ 




ပါကစ္စတန်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် ကရာချိ မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာ လူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများက စက်တင်ဘာ ၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။
သြဂုတ် ၃ဝ ရက် ညနေပိုင်းကတည်းက အပြင်းအထန် ရွာသွန်းခဲ့သောမိုးကြောင့် ပါကစ္စတန်အရှေ့တောင်ပိုင်း ဆင်းဂ် ပြည်နယ်တစ်ခုလုံး၌ ရေလွှမ်းမိုးမှုဒုက္ခများကို ခံစားခဲ့ရကြောင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၃၁ ရက်နေ့ကို ကျောင်းပိတ်ရက်အဖြစ် ကြေညာခဲ့ရကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပါ အပြင်း အထန် တိုက်ခတ်ခဲ့ရာ ဆင်းဂ်ပြည်နယ်ရှိ ဟိုက်ဒရာဘတ်၊ ကရာချိနှင့်မာပါခါးစ်ဒေသများတွင် ပျက်စီးမှုများ အများ အပြားဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမိုးကြောင့် ကျေးလက်ဒေသများ၌ ရေကြီးမှု များဖြစ်ပွားခဲ့ကာ ကရာချိအပါအဝင် ဆင်းဂ်ပြည်နယ်တစ်ခုလုံး မီးများပြတ်တောက်ခဲ့ကြောင်း၊ ထို့အပြင် လမ်းများပေါ်လည်း ရေလွှမ်းမိုးခဲ့ပြီး မြေအောက်လမ်းကူးများတွင်ပါ ရေများဖုံး လွှမ်းခဲ့ကြောင်း သိရသည်။
သေဆုံးသူအများစုမှာ ရေကြီးမှုကြောင့် လျှပ်စစ်ရှော့ခ် ဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်ရပ် ကြောင့် ကျောင်းများလည်းပိတ်ထားပြီး ရုံးသူရုံးသားများမှာ လည်း သွားရေးလာရေးခက်ခဲလျက်ရှိကြောင်း သိရသည်။
ကရာချိလျှပ်စစ်ထောက်ပံ့ရေးကုမ္ပဏီက လျှပ်စစ်သုံးစွဲသူ အတော်များများ မိုးကြီး၍လေထန်မှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရကြောင်း ပြောခဲ့သည်။
လာမည့်ရက်များတွင်လည်း ပါကစ္စတန်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် မိုးသက်လေပြင်းများကျရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။
သြဂုတ်လအစောပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်း ခဲ့ရာ ကရာချိမြို့၌ လူ ၂၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment