Saturday, September 2, 2017

ရွေးကောက်ပွဲရလဒ်များ အကျုံးမဝင်သည့်အတွက် မဲထပ်မံပေးရန် ကင်ညာတရားရုံးချုပ်ကြေညာ





ဝါရှင်တန် စက်တင်ဘာ ၁




ကင်ညာသမ္မတ အူဟူရူကင်ရတ်တာ၏ရွေးကောက်ပွဲသည် ရွေးကောက်ပွဲ ဘုတ်အဖွဲ့က မသမာမှုများ ပြုလုပ်ခဲ့သည့် အတွက် တရားမဝင်တော့ကြောင်း ကင်ညာတရားရုံးချုပ်က ပြောကြားခဲ့ပြီး လာမည့်ရက်ပေါင်း ၆ဝ အတွင်း ရွေး ကောက်ပွဲအသစ် ထပ်မံပြုလုပ်သွားရန် တရားရုံးက သောကြာနေ့က ကြေညာခဲ့ ကြောင်း သိရသည်။
ကင်ညာသမိုင်းကြောင်းတွင် ရွေး ကောက်ပွဲရလဒ်များကို ပယ်ဖျက်ရန် ဆုံးဖြတ်မှုသည် ကင်ညာသမ္မတကင်ရတ် တာနှင့် အတိုက်အခံခေါင်းဆောင် ရိုင်လာအို ဒင်ဂါတို့အကြား သမ္မတနေရာ ရရှိရေးအတွက် ယှဉ်ပြိုင်ပွဲအသစ်တစ်ခုကို ထပ်မံပေါ်ပေါက်လာစေခဲ့သည်။
အရှေ့အာဖရိက၏ စီးပွားရေးအကြီး ဆုံးဖြစ်သည့် ကင်ညာနိုင်ငံသည် ရွေး ကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားသည့် သမိုင်းကြောင်းတစ်ခုရှိခဲ့ သည်။၂ဝဝ၇ ရွေးကောက်ပွဲတွင် အိုဒင်ဂါ သည် ရွေးကာက်ပွဲရှုံးနိမ့်သူအဖြစ် ကြေညာခံခဲ့ရပြီးနောက် လူမျိုးရေး ဆိုင်ရာ သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ ပြီး လူပေါင်း ၁၂ဝဝ ကျော် သေဆုံးခဲ့ရ သည်။
တရားသူကြီးခြောက်ဦး၏ထောက်ခံ မှုဖြင့် သမ္မတကင်ရတ်တာ၏ အနိုင်ရရှိမှု သည် တရားမဝင်ကြောင်းနှင့် အဆိုပါ ရလဒ်များကို ပယ်ဖျက်လိုက်ကြောင်း တရားသူကြီးဒေးဗစ်မာရန်ဂါက ကြေညာ ခဲ့ကြောင်း သိရသည်။
(ရိုက်တာ)

No comments:

Post a Comment