Saturday, September 2, 2017

အကောက်ခွန်မဲ့ စပိဘုတ်တစ်စင်း တင်ဆောင်လာသည့်ယာဉ်အား မရမ်းချောင်စစ်ဆေးရေးစခန်းက သိမ်းဆည်းရမိ

Image may contain: outdoor
ရန်ကုန် စက်တင်ဘာ ၁
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဖွင့်လှစ်စစ်ဆေးလျက်ရှိရာ သြဂုတ် ၃၁ ရက်က အကောက်ခွန်မဲ့ စပိဘုတ်တစ်စင်းအား တင်ဆောင်လာသည့် ယာဉ်အား မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းက သိမ်းဆည်းရမိခဲ့ကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။
သြဂုတ် ၃၁ ရက်တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကှအမေနထ ယာဉ်တစ်စီးအား သတင်းအရ စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ Speed Boat, Brand # Bombardier(1)unit (ခန့်မှန်းတန်ဖိုးကျပ် ၁ ဒသမ ၆ သန်းခန့်)အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ သြဂုတ် ၃၁ ရက်တွင် တရားမဝင်ကုန်စည် တားဆီးနိုင်ခဲ့မှု ၁၁ မှု (ခန့်မှန်းတန်ဖိုးကျပ် ၇ ဒသမ ၃၂၆ သန်းခန့်)အား သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment