Monday, September 4, 2017

ဟိုက်ဒရိုဂျင်ဗုံးကို မြောက်ကိုရီးယားစမ်းသပ်အောင်မြင်ခဲ့ကြောင်း ပြောကြား






ပြုံယမ်း စက်တင်ဘာ ၃



နည်းပညာပိုင်း အဆင့်မြှင့်တင်ထားသည့် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်း သပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောက် ကိုရီးယားက တနင်္ဂနွေနေ့တွင် ပြောကြား ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ အမေရိကန်နှင့် တင်းမာမှု များ ပြင်းထန်လာနေသည့်အချိန်တွင် ¤င်း၏ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်မှုပြုလုပ်သည့် နေရာအနီးတွင် ဖြစ်ပွားခဲ့သည့် တုန်ခါမှုသည် ယခင်က ပြုလုပ်ခဲ့သည့် ပေါက်ကွဲမှုများထက် ၁ဝ ဆခန့် အင်အားပြင်းထန်သည့်အတွက် မြောက်ကိုရီးယားသည် ခြောက်ကြိမ် မြောက်နျူလီးယားစမ်းသပ်မှုကို လုပ် ဆောင်လိုက်ပြီဖြစ်သည်ဟု ကောက်ချက် ချခဲ့ကြောင်း ဂျပန်နှင့်တောင်ကိုရီးယားအာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် ဟိုက်ဒရိုဂျင် ဗုံးဖြစ်သည်ဟူ၍ အခိုင်အမာပြောဆို နိုင်ခြင်းမရှိသေးကြောင်း သိရသည်။အဆိုပါ စမ်းသပ်မှုသည် အမေရိကန် သမ္မတဒေါ်နယ်ထရန့် တာဝန်ယူ ဆောင်ရွက်ချိန်မှ စတင်ကာ ပထမ ဆုံးသော နျူကလီးယားစမ်းသပ်မှုဖြစ် ပြီး ထရန့်ကို တိုက်ရိုက်စိန်ခေါ်လိုက် ခြင်းလည်းဖြစ်ကြောင်း သတင်းရင်းမြစ် များတွင် ဖော်ပြထားသည်။
ခေါင်းဆောင်ကင် ဦးဆောင် ညွှန်ကြားမှုပြုလုပ်ခဲ့သည့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုသည် ပြီးပြည့်စုံသည့်အောင်မြင် မှုအဆင့်သို့ ရောက်ရှိခဲ့ကြောင်းနှင့် နိုင်ငံ၏ နျူကလီးယားလက်နက်ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်အတွက် အရေးပါ သည့် ခြေလှမ်းတစ်ခုအဖြစ် ရောက်ရှိ ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာ ခဲ့သည်ကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။
အဆိုပါဗုံးကို နည်းပညာဆန်း သစ်ထားသည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပေါ်တွင် အခြေခံလျက်ဒီဇိုင်းရေးဆွဲခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာချက်အတွင်း၌ ထည့်သွင်းပြော ကြားခဲ့သည်။ ၆ ဒသမ ၃ ရစ်ခ်ျတာစကေး ရှိသည့် မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း အမေရိကန် ဘူမိစစ်တမ်း ကောက်ယူမှုအဖွဲ့က သတင်းပေးပို့ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် အဆိုပါ ကြေညာချက်ပေါ်ထွက်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ (ရိုက်တာ)

No comments:

Post a Comment