Friday, September 1, 2017

ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် လိုက်ပါကြည့်ရှုမည့် ပရိသတ်များကို ဗီဇာကြေးပေးသွင်းပေးမည့် မန်ယူ

Image may contain: 7 people, people smiling, crowd
မန်ယူအသင်းသည် ရုရှားမြေတွင် စီအက်စ်ကေအေ နှင့်ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လိုက်ပါ ကြည့်ရှုအားပေးမည့် ပရိသတ်များအတွက် ရုရှား ဗီဇာကြေး ပေါင် ၁၁၈ ဒသမ ၂ဝ ကို ပရိသတ်များ အားလုံးကိုယ်စား ကလပ်အသင်းဘက်မှ ကျခံပေးသွင်း သွားမည်ဖြစ်သည်။ မန်ယူထောက်ခံသူများယုံကြည် ရေးအဖွဲ့အစည်းက ယင်းအစီအစဉ်ဖြစ်ပေါ်လာ စေရန် ဦးဆောင်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ရုရှားကလပ် ရော့စ်တော့ဗ်အသင်းနှင့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် တွေ့ဆုံစဉ်ကလည်း အလားတူ စီစဉ်ပေးခဲ့ဖူးသည်။
ပရိသတ်များအနေဖြင့် လိုအပ်သည့် စာရွက် စာတမ်းများကို ရုရှားသံရုံးသို့ တင်ပြလျှောက်ထား ရန်လိုပြီး ဗီဇာကြေးကို ကလပ်အသင်းဘက်မှ ပေးသွင်းသွားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်ကို စက်တင်ဘာ ၂၇ ရက်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ရုရှားနိုင်ငံအထိ လိုက်ပါ အားပေးမည့် ပရိသတ်များအတွက် ကုန်ကျစရိတ် သက်သာစေရန် ယခုလိုစီစဉ်ခဲ့ခြင်းဖြစ်သည်။ မန်ယူ အသင်းဝက်ဘ်ဆိုက်ပေါ်တွင် မန်ယူပရိသတ်များ ဥရောပတစ်ဝန်းလိုက်ပါအားပေးရာတွင် အဆင် ပြေစေရေးအတွက် ဗီဇာကြေးကို ကျခံပေးရခြင်းဖြစ် ကြောင်း ဖော်ပြပါရှိသည်။
မန်ယူအသင်းကြေညာချက်တွင် ''ဒီကိစ္စရပ်က မန်ယူထောက်ခံသူများ ယုံကြည်ရေးအဖွဲ့က တောင်းဆိုမှုအရ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်။ မကြာသေးခင်ကရရှိခဲ့တဲ့ နိုင်ပွဲတွေနဲ့အတူ လူငယ် လက်မှတ်နှုန်းထားတွေကို လျှော့ချပေးဖို့ စီစဉ် ထားသလို လိဂ်ဖလားပွဲစဉ် လက်မှတ်ဈေးနှုန်းတွေ ကိုလည်း ဈေးလျှော့ပေးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်'' ဟု ဖော်ပြပါရှိသည်။
မေလဲ့သင်း

No comments:

Post a Comment