Friday, September 22, 2017

ဆီးရီးယားရှိ အမေရိကန်က ကျောထောက်နောက်ခံပြုထားသော တိုက်ခိုက်ရေးသမားများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ရုရှားသတိပေး






 မော်စကို စက်တင်ဘာ၂၁



အကယ်၍ တိုက်ခိုက်မှုများဆက်လက်ပြုလုပ်ပါက အမေရိကန်ကကျောထောက် နောက်ခံပြုထားသော တိုက်ခိုက်ရေးသမားများနှင့် အမေရိကန်အထူးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ရုရှားတို့က သတိပေးမှုများပြုလုပ်ခဲ့သည်။
ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့နှင့် ကော့ဒ်မဟာမိတ်များ၊ အမေရိကန်က ကျောထောက်နောက်ခံထားသည့် အာရပ်တိုက်ခိုက်ရေးသမားများကို ရည်ရွယ်ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် အိုင်အက်စ်စစ်သွေြး<ွကများကို တိုက်ထုတ်ရန်ကြိုးပမ်းနေသော ဆီးရီးယားတပ်ဖွဲ့ဝင်များ တပ်စွဲရာ ရက်ကွာမှ ဒီရာအယ်ဇိုဒေသတွင်းဖြစ်ပွားနေသော တိုက်ပွဲများကို ရည်ရွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့သည် ယူဖရေးတီး အရှေ့ဘက်ကမ်းတွင် နေရာယူကာ ရုရှားတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသော ဆီးရီးယားတပ်ဖွဲ့ဝင်များကို လက်နက်ကြီးများ၊ အမြောက်များနှင့် စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြား ခဲ့သည်။
ဆီးရီးယားအရှေ့ပိုင်းရှိ ဒီရာအယ်ဇိုဒေသတွင် အိုင်အက်စ်စစ်သွေြး<ွကများကို ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့ကတစ်ဖက်၊ ဆီးရီးယားတပ်ဖွဲ့နှင့် ၄င်းတို့၏ မဟာ မိတ်များကတစ်ဖက်ပြင်းထန်သောတိုက်ပွဲများ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment