Friday, September 1, 2017

စာရေးဆရာမ မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်နှင့် ရွှေမြိုင်ပြုံးလဲ့မော်တို့ မဲခေါင်စာပေဆုရရှိ

Image may contain: 5 people, people smiling, people standing
နေပြည်တော် သြဂုတ် ၃၁
မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)နှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပသည့် မဲခေါင်စာပေဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး သြဂုတ် ၂၈ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ မဲခေါင်စာပေဆုချီးမြှင့်ပွဲတွင် စာရေးဆရာမ မီးအိမ်ရှင် ဒေါက်တာ နိုက်တင်ဂေးလ်နှင့် ရွှေမြိုင်ပြုံးလဲ့မော်တို့က မဲခေါင်စာပေဆုရရှိခဲ့ကြောင်း သိရသည်။
မဲခေါင်စာပေဆုချီးမြှင့်ပွဲ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)နှင့် အဖွဲ့သည် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်းနှင့် တရုတ် (ယူနန်) အစရှိသည့် မဲခေါင်ခြောက်နိုင်ငံမှ စာရေးဆရာအသင်းဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ ဒေသတွင်း အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment