Friday, September 1, 2017

ခေတ္တတိမ်းရှောင်ခိုလှုံနေသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်လှူဒါန်း

Image may contain: 6 people, people standing
စစ်တွေ သြဂုတ် ၃၁
မောင်တောဒေသ အကြမ်းဖက်မှုဖြစ် စဉ်များကြောင့် ရသေ့တောင်မြို့တွင် ခေတ္တတိမ်းရှောင်ခိုလှုံနေသည့် အိမ် ထောင်စုများအား ဝေဠုကျော် ဖောင်ဒေးရှင်းက သြဂုတ် ၃ဝ ရက် တွင် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ARSAအစွန်း ရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ခေတ္တ တိမ်းရှောင်ခိုလှုံလျက်ရှိသည့် တောင် ရင်းတန်းရပ်ကွက်ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင် စု ခုနစ်စု၊ တောင်ရင်းရပ်ကွက်ရှိ စေတီ ယင်္ဂဏဘုန်းတော်ကြီးကျောင်း၌ အိမ် ထောင်စု ၃၉ စု၊ တောင်ရင်းတန်းရပ်ကွက် ရှိ ဇောတိပါလဘုန်းတော်ကြီးကျောင်း ၌ အိမ်ထောင်စု ခုနစ်စု၊ အရှေ့မြောက် ရပ်ကွက်ရှိ ဓညဝတီဘုန်းတော်ကြီး ကျောင်း၌ အိမ်ထောင်စု ၁၄ စု၊ မြို့မ အထက(၁)စာသင်ဆောင်၌ အိမ် ထောင်စု ၇၄ စု စုစုပေါင်း အိမ်ထောင်စု ၁၄၁ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၄၁ဝဝဝဝ ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment