Saturday, September 23, 2017

နှစ်နိုင်ငံအကြား မည်သည့်ကိစ္စရပ်ကိုမဆို နှစ်နိုင်ငံအဆင့်တွင် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာသွားရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကိစ္စရပ်များဆွေးနွေး





နယူးယောက် စက်တင်ဘာ ၂၂


 

နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်လျက်ရှိသော ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် တရုတ်နိုင်ငံခြား ရေးဝန်ကြီး Mr.WangYi ၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmud Ali ၊ အမေရိကန် နိုင်ငံ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးMs. Susan Thornton တို့နှင့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ်သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် စက်တင်ဘာ ၂၁ ရက် ညနေ ပိုင်း၌တွေ့ဆုံခဲ့ရာနှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းကာဒေသတွင်းနှင့် နိုင်ငံတကာ အဆင့်တို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေးဝန်ကြီးနှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြားရှိ မည်သည့်ကိစ္စရပ် ကိုမဆို နှစ်နိုင်ငံအဆင့်တွင် ထိတွေ့ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာ သွားရန်၊ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ယင်းနေ့ နံနက်ပိုင်းတွင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်အား အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး Ms. Susan Thorntonက နယူးယောက်မြို့ရှိ မြန်မာအဖွဲ့ရုံး၌ လာရောက် တွေ့ဆုံခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်း ဖက်မှု ဖြစ်စဉ်နောက်ပိုင်း အခြေအနေ ပြန်လည် တည်ငြိမ်စပြုလာပြီး စက်တင် ဘာ ၆ ရက် မှစ၍ လက်နက်ကိုင်တိုက် ခိုက်မှုများ ရပ်စဲသွားခဲ့ခြင်း၊ ထိခိုက်ခံခဲ့ရ သည့် လူ့အသိုက်အဝန်းများအား လူသား ချင်းစာနာထောက်ထားမှု အကူအညီ များကို ပဏာမဦးစားပေးအနေဖြင့် လျင် မြန် ထိရောက်စွာ ပေးအပ်လျက်ရှိခြင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ¶ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော် အစိုးရမှ အကောင်အထည်ဖော်လျက်ရှိ ခြင်းစသည်တို့ကို ဆွေးနွေးခဲ့သည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ်သည် နယူးယောက်မြို့ရှိ International Federation of Red Cross and Red Crescent (IFRC) မှ အထွေထွေအတွင်းရေးမှူး Mr.Elhaji As Sy နှင့် စက်တင်ဘာ ၂ဝ ရက်တွင် လည်းကောင်း၊ International Committee of the Red Cross (ICRC) Ouú| Mr. Peter Maurer နှင့် စက်တင်ဘာ ၂၁ ရက်တွင် လည်း ကောင်း တွေ့ဆုံ၍ ရခိုင်ပြည်နယ်မြောက် ပိုင်း၌ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာ၌ ကြက်ခြေနီ လှုပ်ရှားမှုတွင် ပါဝင်သည့် IFRC ၊ICRC တို့နှင့် ပူးပေါင်းဆောင်ရွက်နေ သည့် အခြေအနေများကို ဆွေးနွေးခဲ့ သည်။ (သတင်းစဉ်)

No comments:

Post a Comment