Saturday, September 23, 2017

ပစိဖိတ်ကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး တက်ရောက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြန်လည်ရောက်ရှိ



 နေပြည်တော် စက်တင်ဘာ ၂၂


 

ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသော (၁ဝ)ကြိမ်မြောက် ပစိဖိတ်ကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး (10th Pacific Armies Chiefs Con-ference) သို့ တက်ရောက်ခဲ့သည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိုSky Tower သို့လည်းကောင်း၊ မွန်းလွဲပိုင်း တွင် အင်ချွန်းမြို့ စီးပွားရေးဇုန်ရှိ G Tower သို့လည်းကောင်း သွားရောက် လေ့လာကြသည်။
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး သူရဦးသက်ဦးမောင်၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူး ကြီး မြင့်သိန်းနှင့် ကိုရီးယားတပ်မတော်မှ အမှတ်(၃)တပ်မ၊ ဒုတိယတပ်မမှူး ဗိုလ်မှူးချုပ်လီဂူဂျွန်းတို့က အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာကိုရီးယား နိုင်ငံစစ်သံမှူး Colonel Hong Gongkee နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment