Sunday, September 3, 2017

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

Image may contain: sky, cloud and outdoor
နေပြည်တော် စက်တင်ဘာ ၂
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဖွဲ့စည်း စစ်ဆေးဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ၃ဝ၆ စီး၊ သွင်းကုန် ၃၈၈ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် အစီး ၄ဝ၊ သွင်းကုန် ၁၅၉ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက် ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများ ကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်တွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ရှစ်မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉ ဒသမ ၃ဝ၁ သန်းခန့်)၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ငါးမှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၇၈၁ သန်းခန့်)စုစုပေါင်းတားဆီးမှု ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂ ဒသမ ဝ၈၂ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့သည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် သြဂုတ် ၃၁ ရက်တွင် မူဆယ်သို့သွားရောက်မည့် ယာဉ်များအား သတင်းအရ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများပြုလုပ်စဉ် မိုင်တိုင်အမှတ်(၁၉၃)နှင့်(၁၉၆/၆)အနီး၌Super Customယာဉ်တစ်စီးနှင့်Howo A7 (၂၂)ဘီးယာဉ်တစ်စီး တို့အား မသင်္ကာဖွယ်ရပ်တန့်ထားသည်ကို တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် ပိတောက်ဓားရွေသစ် ၁၅၁ တုံး(၇ ဒသမ ၇၈၇၂ တန်)၊ ပိတောက်သစ်လုံး ၁၃လုံး(၁ ဒသမ ၅၁၆ တန်)၊ ပိတောက်တိုင် ၁၈ လုံး (၁ ဒသမ ၃၃၄ တန်)နှင့် ပစ္စည်းသယ်ဆောင်သည့်ယာဉ် နှစ်စီး(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈ဝ ဒသမ ၄၁၁ သန်းခန့်)ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment