Sunday, September 3, 2017

အမြန်လမ်းတွင် ကျွန်းသစ်တင်လာသော CRVယာဉ်တိမ်းမှောက်ရာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

အမြန်လမ်းတွင် ကျွန်းသစ်တင်လာသော CRVယာဉ်တိမ်းမှောက်ရာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
Image may contain: car and outdoor
ပဲခူး စက်တင်ဘာ ၂
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တွင် တရားမဝင်ကျွန်းသစ်တင်ဆောင် လာသောယာဉ် တိမ်းမှောက်ရာမှ တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ပဲခူးမြို့နယ် ဘောနတ်ကြီး အမြန်လမ်း မကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ နေပြည် တော်မှ ရန်ကုန်သို့ ယာဉ်မောင်း တင်ကြီး(ခ)တင်နိုင်ဦး(၃၉)နှစ်ပဲခူး မြို့နယ် ဇီးတောကျေးရွာနေသူ မောင်းနှင်လာသော မော်တော်ယာဉ်မှာ မိုင်တိုင်အမှတ် (၃၇/၇ နှင့် ၃၈)မိုင် အနီးသို့အရောက်တွင် အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်သွားခဲ့ပြီးနောက် တစ်ဖက်ယာဉ်ကြောပေါ်သို့ ရောက်ရှိ ကာ အတည့်အနေအထားအတိုင်း ပြန်ကျသွားခဲ့သည်။
ယာဉ်မတော်တဆမှု ဖြစ်ပွား ကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ အမျိုးသားနှစ်ဦး အနက် ယာဉ်မောင်းဖြစ်သူ ကိုတင်ကြီးမှာ အခင်းဖြစ်နေရာ တွင်သေဆုံးသွားခဲ့ပြီး အတူလိုက်ပါ သူ မောင်အောင်ကိုနိုင်(၂၂)နှစ်မှာ ထိခိုက်ဒဏ်ရာများဖြင့် သတိမရဘဲ ပဲခူးဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ကြောင်း သိရ သည်။
တိမ်းမှောက်ခဲ့သော CRV ယာဉ် အတွင်းမှ တရားမဝင်ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၃၅ ချောင်း(အလေးချိန် သုည ဒသမ ၅၆၉၆ တန်)အား သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါကျွန်းသစ်ခွဲသားများ အား ပဲခူးမြို့နယ် သစ်တောဦးစီးဌာန သို့ လွှဲပြောင်းအပ်နှံ ထားရှိကြောင်း၊ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ တို့အား အမြန်လမ်းတပ်ဖွဲ့ပိုင်ယာဉ် ဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း ဘောနတ်ကြီးအမြန်လမ်းမ ကြီး ရဲမှတ်တမ်းများအရ သိရသည်။
''ကျွန်တော်တို့က ယာဉ်မှောက်လို့ သစ်တွေတွေ့တယ်ဆိုလို့သွားစစ်ဆေး တာပါ။ ဆေးရုံတက်နေတဲ့လူနာက လည်း မေးမရသေးတော့ ဘယ်က တင်လာတဲ့သစ်ဆိုတာ မသိရသေး ဘူး။ သစ်တောဥပဒေနဲ့ တရားစွဲ သွားမှာပါ''ဟု ပဲခူးမြို့နယ် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုဖြေကြားခဲ့သည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် ကားလမ်း ဟောင်းတို့တွင် တရားမဝင်သစ်တင် ယာဉ်များ နေ့/ညဖြတ်သန်းလျက်ရှိပြီး တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက် တံခါး၊ ရွှေကျင်၊ ဒိုက်ဦးမြို့နယ်များ အတွင်းမှ ညစဉ် သစ်ကားများ ထွက်ရှိ နေပြီး ပုံစံအမျိုးမျိုးဖြင့် သစ်များအား တင်ဆောင်နေကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment