Monday, September 25, 2017

ဟိန္ဒူဘာသာဝင်များ၏ ဖော်ထုတ်ချက်အရ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်တွင် လူသေအလောင်းများတွေ့ရှိ





 နေပြည်တော် စက်တင်ဘာ ၂၄


 

 မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂ဝဝ အကွာ မြေကျင်းအတွင်း လူသေအလောင်းများမြှုပ်ထားသည်ကို စက်တင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီ ၅ မိနစ်က တွေ့ရှိရကြောင်း သိရသည်။
ARSA အစွန်းရောက်အကြမ်းဖက်သမားများကြောင့် စစ်တွေမြို့သို့ ရောက်ရှိနေသော မောင်တောလေးမိုင်မှ ဟိန္ဒူဘာသာဝင် ဦးနီမောလ် (ဟိန္ဒူဘာသာဝင် ကူညီရေးခေါင်းဆောင်)ထံ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ရဲဘော်ကျကျေးရွာနေသူတစ်ဦးက ဖုန်းဆက်သွယ် ပြောကြားချက်အရ သြဂုတ် ၂၅ ရက်ကARSA အစွန်းရောက် အကြမ်းဖက်သမား ၃ဝဝ ခန့်သည် ရဲဘော်ကျ ကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁ဝဝ ခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း၊ ရွာ၏အနောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ရှစ်ဦးအား အစ္စလာမ်ဘာသာသို့ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ ကြောင်း။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဟိန္ဒူ ဘာသာဝင်တစ်ဦး၏ နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း ဆက်သွယ်ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြေပြင်သတင်းဖော်ထုတ်ရန်အတွက် ဦးနီမောလ်၊ ဦးရွှေနီတို့နှင့်အတူ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် ခမောင်းဆိပ်ကျေးရွာမှ အမျိုးသား၊ အမျိုးသမီး သုံးဦး၊ တမန်းသားကျေးရွာမှ လေးဦးတို့နှင့်အတူ ရဲဘော်ကျကျေးရွာ သို့ ထွက်ခွာခဲ့သည်။
¤င်းပူးပေါင်းအဖွဲ့များက ဖြန့်ခွဲရှာဖွေစဉ် ရဲဘော်ကျကျေးရွာ၏ အနောက် မြောက်ဘက် မီတာ ၁၂ဝဝ ခန့်အကွာ၌ မသင်္ကာဖွယ် မြေအနေအထားတွေ့ရှိ ရပြီး အပုပ်နံ့ရရှိသဖြင့် တူးဖော်ရှာဖွေရာ အကျယ် ၁၃ ပေပတ်လည် မြေကျင်း နှစ်ကျင်းအား ၁ဝ ပေ အကွာအဝေးခြား တွေ့ရှိခဲ့ရသည်။
အဆိုပါ မြေကျင်းတစ်ကျင်းအား နံနက် ၁၁ နာရီခွဲတွင် စတင်တူးဖော်ရာ အလောင်းသုံးလောင်းတွေ့ရှိခဲ့ပြီး ဆက်လက်တူးဖော်ရာ မွန်းလွဲ ၂ နာရီတွင် အလောင်းရှစ်လောင်း၊ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ တွင် အလောင်းတစ်လောင်း စုစုပေါင်း အလောင်း ၁၂ လောင်း တူးဖော်ရရှိခဲ့သည်။
ဆက်လက်၍ မွန်းလွဲ ၂ နာရီခွဲတွင် ဒုတိယမြေကျင်းအား ထပ်မံတူးဖော်ရာ အသက် ၁ဝ နှစ်အောက် အမျိုးသားခြောက်ဦး၊ အသက် ၁၆ နှစ်အောက် အမျိုးသားနှစ်ဦး၊ အသက် ၁၆ နှစ် အထက် အမျိုးသမီးရှစ်ဦး စုစုပေါင်း အလောင်း ၁၆ လောင်းအား တူးဖော်ရရှိခဲ့သည်။
ယနေ့ တူးဖော်ရရှိသည့် ရုပ်အလောင်းများမှာ ဟိန္ဒူဘာသာဝင် အမျိုးသားရှစ်လောင်း၊ အမျိုးသမီး အလောင်း ၂ဝ၊ စုစုပေါင်း ၂၈ လောင်းဖြစ် ကြောင်း သိရှိရသည်။
တူးဖော်ရရှိသည့် ရုပ်အလောင်းများအား လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ကာ ရှာဖွေမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ (သတင်းစဉ်)

No comments:

Post a Comment