Tuesday, September 26, 2017

ရေရှည်အကျိုးစီးပွားနှင့် ရခိုင်ပြည်နယ်ပြဿနာ၏အဖြေ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

စက်တင်ဘာလအစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေအိတ်ခ်ျမာမွတ်အလီသည် ဒါကာမြို့တွင် နိုင်ငံတကာသံတမန်များ နှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်၌ လူမျိုးတုံးသတ်ဖြတ်မှုတို့ ဖြစ်ပွားနေကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ စွပ်စွဲ ပြောဆိုမှုသည် အထောက်အထားမဲ့စွပ်စွဲပြောဆိုမှုသာ ဖြစ်ပါသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသည် အထောက်အထား အခိုင်အမာရှိသော ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ် တို့ကိုမူ အသိအမှတ်ပြုပြောကြားခဲ့ခြင်းမရှိပါ။ARSAအကြမ်းဖက် အဖွဲ့က ဟိန္ဒူဘာသာဝင် ၄၅ ဦးကို သတ်ဖြတ်၍ မြေကျင်းတွင် မြှုပ်နှံ ထားခြင်းသည် အဆိုပါအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုကို သက်သေ ပြနေသောအထောက်အထားတို့အနက်မှ နောက်ဆုံးအထောက်အထား ဖြစ်ပါသည်။ ခိုင်မာသောအထောက်အထားတို့ကို လျစ်လျူရှု၍ အထောက် အထားမဲ့စွပ်စွဲချက်တို့ကို ဆုပ်ကိုင်နေခြင်းသည် ပုံမှန်မဟုတ်သော အနေ အထားတစ်ရပ်ကို ညွှန်းဆိုနေပါသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာက မြန်မာနိုင်ငံအပေါ် ဖိအား ပေးရန် တောင်းဆိုနေခြင်းသည် စိတ်ပျက်စရာလုပ်ရပ်သာ ဖြစ်ပါသည်။ ဖိအားပေးခြင်းသည် ပြဿနာတို့၏ အဖြေကို ရှာဖွေပေးနိုင်စွမ်းမရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အနေဖြင့် သိရှိသင့်ပါသည်။ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု တစာစာဟစ်အော်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရခိုင်ပြည်နယ်မှ ထွက်ပြေးရောက်ရှိလာသော ဘင်္ဂါလီတို့ကို ဒုက္ခသည်အဆင့်အတန်း သတ်မှတ်ပေးရန် မရှိဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စက်မှုဝန်ကြီးက ထိုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ စက်မှုဝန်ကြီးက စခန်းအတွင်းရှိ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည် ဆိုသော ဘဂ¯လီတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့နှင့် ရောနှောသွားမည် ကို စိုးရိမ်သောကြောင့် စခန်းအပြင်သို့ ထွက်ခွင့်မပြုဟု ပြောဆိုခဲ့ ပါသည်။
¤င်းတို့၏ အဆိုအရ လူမျိုးတုံးသတ်ဖြတ်မှု ဘေးအ္တရာယ်တို့မှ အသက်လုထွက်ပြေးလာသည်ဆိုသော ဘဂ¯လီလူမျိုးတို့အား ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ဒုက္ခသည်အဆင့်အတန်းသတ်မှတ်မပေးနိုင်ဟု ပြောဆို သည်ကို ကြည့်ခြင်းဖြင့် ဘင်္ဂင်္လားဒေ့ရှ်နိုင်ငံက ဆုပ်ကိုင်ထားသည့် လူ့အခွင့် အရေးတန်ဖိုးတို့ကို မှန်းဆကြည့်နိုင်ပါသည်။ အမှန်မှာမူ ရခိုင်ပြည်နယ်မှထွက်ပြေးလာသည်ဆိုသော ဘဂ¯လီတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တို့နှင့် ရုပ်ရည်သွင်ပြင်လက္ခဏာ၊ ကိုးကွယ်ယုံကြည်ရာဘာသာနှင့် ပြောဆိုရာဘာသာစကားတို့ ထပ်တူ တူညီနေသည်သာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘင်္ဂလားဒေ့ရှ်စက်မှုဝန်ကြီးက ရောနှောသွားမည်ကို စိုးရိမ်နေခြင်းဖြစ်ပါသည်။ ဤတစ်ချက်တည်းဖြင့်ပင် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည်ဆိုသော ဘဂ¯လီတို့သည် မြန်မာနိုင်ငံ၏အမည်ဆန်း တပ်ထားသည့် တိုင်းရင်းသားလူမျိုးမဟုတ်သည်မှာ ထင်ရှားနေပြီးဖြစ်ပါ သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့သူတို့ ကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ရရှိထားသည့် သဘောတူညီ ချက်တို့နှင့်အညီ နှောင့်နှေးမှုမရှိ ပြန်လည်လက်ခံမည်ဟု ပြောကြားထား သကဲ့သို့ ဥပဒေနှင့်ညီညွတ်ပါကလည်း နိုင်ငံသားအခွင့်အရေးပေးမည်ဟု အခိုင်အမာကတိပြုပြီး ဖြစ်ပါသည်။ တစ်နည်းဆိုသော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတို့ကို ချပြပြီးဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ အရှေ့တောင်အာရှ ဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အပြုသဘောချဉ်းကပ် ကိုင်တွယ်ပုံကို အသိအမှတ်ပြု ကြိုဆိုပြီးဖြစ်ပါသည်။ စင်ကာပူနိုင်ငံခြား ရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှ်နန်ကလည်း သူ၏ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်း၌ ကမ္ဘာ့နိုင်ငံတို့ကို အစွန်းရောက်အကြမ်းဖက် ဝါဒီတို့၏ လှည့်ကွက်အတွင်းသို့ မကျရောက်စေရန် သတိပေးခဲ့ပြီး မြန်မာ နိုင်ငံနှင့် ညှိနှိုင်းလက်တွဲဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူတို့အတွက် ရေရှည်ဆုပ်ကိုင် နိုင်မည့် အကျိုးစီးပွားတို့ကို နှလုံးသွင်းလျက် ရခိုင်ပြည်နယ်ပြဿနာကို အပြုသဘောဆောင်မျှတသောစိတ်ထားဖြင့် ကိုင်တွယ်ဖြေရှင်းပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

No comments:

Post a Comment