Saturday, September 2, 2017

အကြမ်းဖက်မှုမလိုလားသူ အစ္စလာမ်ဘာသာဝင် ရွာသားများက ARSA အစွန်းရောက်အကြမ်းဖက်သမား ခုနစ်ဦးအား ဖမ်းဆီး၍ ရဲတပ်ဖွဲ့သို့ အပ်နှံ

Image may contain: 6 people, text
နေပြည်တော် စက်တင်ဘာ ၁
မောင်တောဒေသတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသော ARSA အစွန်းရောက်အကြမ်းဖက် သမားများကို အစ္စလာမ်ဘာသာဝင် ရွာသူရွာသားများက ဝိုင်းဝန်းဖမ်းဆီး၍ ရဲတပ်ဖွဲ့ထံ အပ်နှံလျက်ရှိသည်။
စစ်ဆေးသိရှိရ
မောင်တောမြို့နယ်ရှိ ကျေးရွာသားများသည် ယမန်နေ့ မွန်းလွဲပိုင်းက ရော်ဖီအဏ္ဏဝါ (၂၈)နှစ်အား မသင်္ကာသဖြင့် ဖမ်းဆီးကာ မင်္ဂလာကြီးချောင်းဝကင်း စခန်းသို့ လာရောက်အကြောင်းကြားခဲ့ပြီး ညနေပိုင်းတွင် ဟာမီဒူလာ(၂ဝ)နှစ်ပါ အမျိုးသား လေးဦးနှင့် မိချောင်း တက်ရွာမှ အဏ္ဏဝါဖိုက်ဆဲ (၂၂)နှစ် ပေါင်း ငါးဦးတို့အား မသင်္ကာသဖြင့် ဖမ်းဆီးထားကြောင်း ဖုန်းဖြင့် ထပ်မံ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသူ ခြောက်ဦးအား သွားရောက်ခေါ်ဆောင်စစ်ဆေးခဲ့ရာ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
ဝိုင်းဝန်းဖမ်းဆီး
ထို့အပြင် နံနက် ၁၁ နာရီခွဲခန့်တွင် ဘူးသီးတောင် မြို့နယ် စိမ်းညှင်းပြာကျေးရွာအုပ်စု ပြင်ရှည်အလယ်ရွာနေ အဒူတာလစ်(၂၂)နှစ်သည် မေယုတောင်ကျော်လမ်း အတိုင်း ဝင်ရောက်လာသဖြင့် ကျေးရွာတာဝန်ရှိသူများက ဝိုင်းဝန်းဖမ်းဆီးကာ ကင်းချောင်းရဲကင်းစခန်းသို့ လာရောက်အပ်နှံခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူ ခုနစ်ဦးအား ဥပဒေအရ အရေးယူရန်အတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။
(သတင်းစဉ်)

No comments:

Post a Comment