Sunday, September 24, 2017

ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးဂီတပွဲတော် ၂ဝ၁၇ သီချင်းဆိုပြိုင်ပွဲ စစ်တွေမြို့၏ ဒေသလက်ရွေးစင်ရွေးချယ်ပွဲ ကျင်းပ



ရန်ကုန်    စက်တင်ဘာ  ၂၃
ငြိမ်းချမ်းရေးဂီတပွဲတော် ၂ဝ၁၇ သီချင်း ဆိုပြိုင်ပွဲ စစ်တွေမြို့၏ ဒေသလက်ရွေးစင် ရွေးချယ်ပွဲကို ယနေ့ညပိုင်းက  ရန်ကုန် မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်း၊ တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ    ဦးတင် မောင်ထွန်း၊  ဒုတိယဥက္ကဋ္ဌ  ဦးလင်းနိုင် မြင့်၊  တိုင်းဒေသကြီးဝန်ကြီးများ၊    မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား òန်ကြားရေး မှူးချုပ်နှင့်တာဝန်ရှိသူများ၊  ဖိတ်ကြား ထားသူများ    တက်ရောက်အားပေး ကြသည်။
Level -1 အဆင့်  ဒေသလက်ရွေး စင်ရွေးချယ်ပွဲများကို      တောင်ကြီး၊ မြစ်ကြီးနား၊  မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ရန်ကုန်ပွဲစဉ်(၁)၊    ရန်ကုန်ပွဲစဉ်(၂)၊ နေပြည်တော်၊ မ္တလေးမြို့တို့တွင် ကျင်းပ ခဲ့ပြီး  အဆိုပါမြို့များမှ  ဒေသလက်ရွေးစင် သုံးဦးစီကို ရွေးချယ်ခဲ့သည်။
အလားတူ စစ်တွေမြို့၏Level -1 အဆင့်  ဒေသလက်ရွေးစင်ရွေးချယ်ပွဲကို  ယနေ့ညပိုင်းက   ရန်ကုန်မြို့၌ ကျင်းပရာ ပထမ-အောင်မြတ်မင်း၊ ဒုတိယ- ဇော်ဖြိုး နှင့်  တတိယ- ဖြူလှတို့ကို   ရွေးချယ်ခဲ့ သည်။
စစ်တွေမြို့၏ Level -1 အဆင့် ဒေသလက်ရွေးစင် ရွေးချယ်ပွဲကို ရန်ကုန် မြို့၌ ကျင်းပရခြင်းမှာ သြဂုတ် ၂၅ ရက် က   ဖြစ်ပွားခဲ့သည့် မောင်တောဒေသ  ဖြစ်စဉ်များကြောင့် အခြေအနေအရပ်ရပ် အရ လည်းကောင်း၊ အဆိုပါဖြစ်စဉ်တွင် ကျဆုံး၊ ဒဏ်ရာရရှိသူများနှင့် ၄င်းတို့ မိသားစုများအား စာနာထောက်ထား သောအားဖြင့် လည်းကောင်း၊ သြဂုတ် ၂၇ ရက်တွင် စစ်တွေမြို့၌  မကျင်းပဖြစ်ဘဲ  ယခုကဲ့သို့  ရန်ကုန်မြို့၌  ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့၏ Level -1 အဆင့်  ဒေသလက်ရွေးစင်     ရွေးချယ်ပွဲကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း  သိရသည်။ ငြိမ်းချမ်း ရေးဂီတပွဲတော်  ၂ဝ၁၇ သီချင်းဆိုပြိုင်ပွဲ များကို အဆိုပါပြိုင်ပွဲ  ကျင်းပသည့်နေ့ တွင်     မြန်မာ့အသံနှင့်ရုပ်မြင်သံကြားMRTVမှ ည ၈ နာရီသတင်းအပြီးတွင်  တိုက်ရိုက်  ထုတ်လွှင့်ပေးလျက်ရှိသကဲ့     သို့ MRTV  Facebook  စာမျက်နှာ ဖြစ်သည့်www.facebook.com/mrtvwebmediaportal နှင့် Peace Music  Festival   Facebookစာမျက်နှာ  www.facebook.com/peacemusicfestival   တို့မှလည်း  တိုက်ရိုက်ကြည့်ရှုနိုင်ကြောင်း      သိရ     သည်။
ထို့အပြင်    ဂီတချစ်ပရိသတ်များ အနေဖြင့်   ငြိမ်းချမ်းရေး ဂီတပွဲတော် ၂ဝ၁၇  သီချင်းဆိုပြိုင်ပွဲနှင့် ပတ်သက်၍  ပြိုင်ပွဲ ကျင်းပမည့်  မြို့နေရာ၊ နေ့ရက်၊ အသံစစ်ဆေးမည့်နေ့ရက်၊   အကဲဖြတ် ဒိုင်များ    အစရှိသည်တို့ကို   အချိန်နှင့်  တစ်ပြေးညီ သိရှိနိုင်ရန်အတွက် Peace Music  Festival   Facebook စာမျက်နှာ  www.facebook.com/peacemusicfestival တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆို ပြိုင်ပွဲများကို သတ်မှတ်မြို့များ၌  ကျင်းပ လျက်ရှိသကဲ့သို့   ငြိမ်းချမ်းရေးဂီတပွဲတော် မိသားစုနှင့် စေတနာရှင်အလှူရှင်များက ပြိုင်ပွဲကျင်းပရာ မြို့များရှိ  တိုက်ပွဲရှောင် (ယာယီ)စခန်းများ၊IDP  စခန်းများ၊ ပရဟိတလုပ်ငန်းများ   ဆောင်ရွက်ရာ နေရာဌာနများသို့ သွားရောက်၍လည်း ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။          (သတင်းစဉ်)

No comments:

Post a Comment