Friday, September 1, 2017

ပန်ဒါနီသုံးကောင် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ပေါက်ဖွား

No automatic alt text available.
နေပြည်တော် သြဂုတ် ၃၁
နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ် နှင့် ဆာဖာရီဥယျာဉ်တို့တွင် အများ ပြည်သူနှင့် ကလေးငယ်များ အနားယူ အပန်းဖြေရန်နှင့် ဗဟုသုတရရှိစေရန် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ သည်။
ကျန်းမာရေးကောင်းမွန်
ဆာဖာရီဥယျာဉ် ပန်ဒါနီပြကွက် တွင် မွေးမြူပြသထားသော ပန်ဒါနီ အထီးနှစ်ကောင်၊ အမနှစ်ကောင် စုစုပေါင်း လေးကောင်ရှိသည့်အနက် ပန်ဒါနီသဲသဲမှ သြဂုတ် ၂၆ ရက်တွင် ပန်ဒါနီတစ်ကောင်ကိုလည်းကောင်း၊ ပန်ဒါနီမီးမီးမှ ဇွန် ၁ဝ ရက်တွင် ပန်ဒါနီ နှစ်ကောင်ကိုလည်းကောင်း ပေါက်ဖွားခဲ့သည်။
လသားအရွယ် ပန်ဒါနီသုံးကောင် မှာ မိခင်များနှင့်ရင်အုပ်မကွာ နေထိုင် လျက်ရှိသဖြင့် အထီး၊ အမ ခွဲခြား၍ မရနိုင်သေးဘဲ မိခင်၏ပြုစုစောင့် ရှောက်မှုနှင့်အတူ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment