Friday, September 1, 2017

ARSA အစွန်းရောက်အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိနိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့ရေးပစ္စည်းများ အကြမ်းဖက်သမားများထံ ရောက်ရှိနေမှု ဆက်လက်စုံစမ်းသွားမည်

Image may contain: sky, cloud and outdoor
နေပြည်တော် သြဂုတ် ၃၁
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် အကြမ်းဖက်တိုက် ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် ၎င်းတို့ထံ နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိနေမှုကို စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရန်ကာစေတီ ကျေးရွာမှ ဒိုင်းနက်တိုင်းရင်းသားငါးဦး သေဆုံးခဲ့ပြီး မဦးခင်ခင်မှာ ဦးခေါင်းခွံကွဲနှင့် ပြတ်ရှဒဏ်ရာများဖြင့် သြဂုတ် ၂၈ ရက်တွင် အောင်သပြေဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ၎င်းရရှိဒဏ်ရာများမှာ စိုးရိမ်ရသဖြင့် သြဂုတ် ၃ဝ ရက်တွင် ရဟတ်ယာဉ်ဖြင့် ဘူးသီးတောင် တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၃ဝ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် နယ်မြေ(၄)အတွင်း နယ်မြေရှင်းလင်းစဉ် ARSA အစွန်းရောက်အကြမ်း ဖက်သမား ၁ဝဝ ကျော်က တုတ်၊ ဓားများဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံတိုက်ခိုက်ရာ အကြမ်း ဖက်သမားများမှာ အနီးရှိတောင်ကုန်းပေါ်သို့ ထွက် ပြေးတိမ်းရှောင်သွားပြီး အကြမ်းဖက်သမား ခေါ်ဘီရာ မောက် (၃၅)နှစ်၊ အာနူဆော်ဘီ (၁၃)နှစ်၊ ဆွေယော့ ဒူဆောင်း(၅၄)နှစ်နှင့် အီလီယာစ်(၂၄)နှစ်တို့ လေးဦး အား ၎င်းတို့ကိုင်ဆောင်လာသည့် ဓားများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ညနေ ၃ နာရီခွဲ တွင် ဒေသခံဖျားနာ လူနာများအား မောင်တောဆေးရုံသို့ ပို့ဆောင်စဉ် မောင်တောမြို့နယ် သီဟိုဠ်ကျေးရွာအနီး နွားရုံတောင်ကွေ့၌ ARSA အစွန်းရောက် အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် ပြန်လည်ပစ်ခတ်ရှင်းလင်းရာ မိမိဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း၊ ညနေ ၄ နာရီခန့်တွင် နွားရုံ တောင်လမ်းဆုံ၌ ဗျွှဗ အစွန်းရောက်အကြမ်းဖက် သမားများက လက်လုပ်မိုင်းနှစ်လုံးကို ဖောက်ခွဲခဲ့ ကြောင်း။
သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် မေယုတောင်ခြေ အင်းဒင်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့များက နယ်မြေ ရှင်းလင်းစဉ် ဗျွှဗ အစွန်းရောက်အကြမ်းဖက်သမား ၁၅ဝ ကျော်က ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံပစ်ခတ်ရာ အကြမ်းဖက်သမား တစ်ဦးအား အသေဖမ်းဆီးရမိခဲ့ကြောင်း၊ အင်းဒင်ရခိုင်ကျေးရွာအတွင်း ၌ အကြမ်းဖက်သမားများက မိုင်း နှစ်လုံး ဖောက်ခွဲခဲ့သဖြင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းလျက်ရှိကြောင်း။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် နယ်မြေ (၁၁) ဘူးသီးတောင်မြို့နယ် စိမ်းညှင်းပြာကျေးရွာအုပ်စု ပြင်ရှည်ကျေးရွာမှ မသင်္ကာသူ အဒူတာလစ် (၂၂)နှစ်ကို လည်းကောင်း၊ နယ်မြေ (၆) မောင်တောမြို့နယ် မင်္ဂလာကြီးချောင်းဝကင်းစခန်းအနီးသို့ ရောက်ရှိလာသော မသင်္ကာသူတစ်ဦးကို လည်းကောင်း ဖမ်းဆီးရမိသဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် မောင်တောဒေသအတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း သိရသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ARSA အစွန်းရောက်အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားသည့် နေရာများတွင် နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများ တွေ့ရှိခဲ့ခြင်း နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ခြင်းမှာ ယင်းအဖွဲ့ အစည်းများက အစွန်းရောက်အကြမ်းဖက်သမားများထံ ၎င်းပစ္စည်းများထောက်ပံ့ပေးသည်ဟု ရည်ညွှန်းခြင်း မဟုတ်သည်ကို ရှင်းရှင်းလင်းလင်း သိစေအပ်ပါကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများ အကြမ်းဖက်သမားများထံ ရောက်ရှိနေမှုကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(သတင်းစဉ်)

No comments:

Post a Comment