Monday, September 4, 2017

ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာအဆောက်အအုံ ပန္နက်တော်တင်အခမ်းအနားကျင်းပ

Image may contain: 3 people, people standing and outdoor
ဆီဆိုင် စက်တင်ဘာ ၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် မှုအရ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဆီဆိုင်မြို့ ရှိ ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေ စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဆီဆိုင်မြို့ အောင်ချမ်း သာရပ်ကွက် ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးဘေး မြေ နေရာ၌ ရှမ်းပြည်နယ်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် လေးခန်းတွဲ၊ လေးထပ် ဝန်ထမ်းအိမ်ရာအဆောက် အအုံ ရတနာပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က အဆိုပါ ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့်မြေနေရာ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ရတနာပန္နက်တော်တင် မင်္ဂလာ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှ သိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်လွင်နှင့် ဆီဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာတွင် ရတနာပန္နက်ရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ ကြောင်း သိရသည်။
ယခုတည်ဆောက်မည့် ဆီဆိုင်မြို့ရှိ ဝန်ထမ်းအိမ်ရာသည် (၆၁x၅၁)ပေအကျယ် လေးခန်းတွဲ၊ လေးထပ် အဆောက်အအုံဖြစ်ပြီး Great Horizon Construction Group Co.,Ltd. က တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း သိရ သည်။
အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရှမ်းပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဆီဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ Great Horizon Construction Group Co.,Ltd.မန်နေဂျင်း ဒါရိုက်တာနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး (ဆီဆိုင်)

No comments:

Post a Comment