Friday, September 22, 2017

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မိန့်ခွန်းပြောကြား





နယူးယောက် စက်တင်ဘာ ၂၁



 

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၂ဝ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှိ အထွေထွေညီလာခံခန်းမ (General Assembly Hall)၌ ကျင်းပရာ ဒေသစံတော်ချိန် ည ၈နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ပါဝင် ပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်တွင် အတည်ပြုပါဝင်ခဲ့ သည့်ကိစ္စရပ်၊ နိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည် ဆောက်မှုဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့သော အဖြေရရှိ ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်အခြေအနေများ ကို အလေးပေးရှင်းလင်းပြောကြားသည်။
(ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ ၄၊ ၅ တွင် ဖော်ပြထားပါသည်။)
(သတင်းစဉ်)

No comments:

Post a Comment